ပျိုနီဆောင်ရဲ့ ရဲရဲဆွေးတဲ့ အလှတရားကိုမှေးမှိန်စေမဲ့ ပုံရိပ်ကလေးက နွမ်းလျစွာဖြင့်ရေရေရာရာအရှိတဲ့ဦးတည်ချက်ဆီမျှော်ငေးနေခဲ့တယ် ။ ဖောင်းကြွနေတဲ့ဗိုက်ကိုအသာပွေ့ထားရင်းသူ့ပုံစံဟာခံစားချက်ရှိမနေသလို ။
"ကြင်ယာတော်သခင် ၊ လေအေးလာပါပြီ ပြန်ကြရအောင် "
"လမင်းကြီးကဒီလောက်ဝိုင်းစက်နေတာဒီအချိန်ဆိုရေအောက်မှာအပူချိန်နိမ့်လွန်းတယ် ၊ မင်းတို့သခင်အဆင်ပြေပါ့မလား "
"စစ်ရေးခေါင်းဆောင်က သေတွင်းထဲကအကြိမ်ကြိမ်ရှင်သန်လာနိုင်တဲ့သူပါ ၊ အများကြီးစိတ်မပူပါနဲ့ "
ရှောင်းကျန့်မျက်နှာမှာအပြုံးလေးဟာအက်ကွဲကွဲ ။ပျိုနီဆောင်မှာသူထိုင်နေပါလျှင် လေစိမ်းသွဲ့သွဲ့ နှင့်တွဲ့တွဲ့ကျသည်ကပင် လူသားကိုစိတ်ပူစေတယ် ။ အရေပြားတွေအေးစက်လာသည်ထိသူထိုင်ပါလျှင် သိုးမွှေးခြုံထည် ထီးတစ်လက်နှင့်ရောက်လာတတ်စမြဲ ။
ဖခင်ဖြစ်သူရဲ့ချော့မြှုသိပ်သံမကြားရတဲ့အခါ ကလေးကလည်းပိုပိုသောင်းကြမ်းလာတယ် ။
"ခေါင်းဆောင်က ခက်ခဲကြမ်းတမ်းတဲ့နေရာသွားတာ ကြင်ယာတော်သခင်ကိုဘေးကင်းစေချင်လို့ပါ ၊ ကြင်ယာတော်သခင်က ဒီလိုနေရင် မကောင်းဘူးမလား "
"ဝင်ကြတာပေါ့ "
သူထလိုက်တာနဲ့ဘေးက လာကူထိန်းပေးတဲ့ကလေးမလေးတွေကိုလက်အကာပြပြီး အိပ်ဆောင်သာပြန်လာခဲ့တော့တယ် ။
. . .
လဝက်ကြာတဲ့အခါ အချစ်ပူကျလို့မထူနိုင်သေးခင်မှာပဲ ကိုယ်ဝန်ရှိလာတဲ့ Siren ငယ်လေး ရှနွန်ကြောင့် ရှောင်းကျန့်ခေါင်းမီးတောက်ရပြန်သည် ။ ရှနွန်က သူ့ယုံကြည်ချက်နဲ့သူရှိနေပြီး ကလေးရတာကိုပျော်နေသည် ။
"ဇယ်ရီယန်သိရင်တော့ မင်းအသတ်ခံရဦးမယ် "
မိမိကိုယ်၌ပင်မပေါ့ပါးပါဘဲ ကဲလွန်းတဲ့ရှနွန်ကိုပြုစုပေးနေရတာလည်းအတော်လေးအတင်မပြေလှပါ ။ နန်းတော်ထဲကပြည်သူတွေအတွက်ရေထောက်ပံ့ပေးဖို့ရာနန်းတော်ထဲရှိသုံးရေတွေကိုခြွေတာရတယ် ။ ကန်ထဲလတ်ဆတ်တဲ့ရေတွေမလဲလှယ်နိုင်ခဲ့တာကြာပြီ ။