စိတ်လျှော့ချလိုက်တဲ့အချိန် သာယာနာပျော်ဖွယ်ထက်သာလွန်တဲ့တေးသံချိုက ရေထုထဲလွင့်ပျံ့လာတယ် ။ အရာရှိဝမ်ကိုချုပ်နှောင်ထားသမျှ
မခံစားရတော့ ။ရင်းနှီးနေတဲ့သွေးအရသာ ၊ စွဲမက်ရတဲ့အနမ်းဟာအရာရှိဝမ်ကိုပြန်လှုပ်နှိုးနေတယ် ။ အကာအကွယ်ကိရိယာမရှိတော့တဲ့မျက်နှာဟာ အဆိပ်ရေတွေရဲ့တိုက်စားမှု့ကြောင့်ကျိန်းစပ်စပ် ။ မျက်ဝန်းတွေဖွင့်လိုက်တဲ့အချိန် နှုတ်ခမ်းပြန်ခွာသွားတဲ့ကောင်လေးက ကြေကွဲနေတဲ့မျက်နှာနဲ့ ပြုံးပြလေရဲ့ ။
"လူသားသိပ်ရုပ်ဆိုးနေတယ် "
စကားပြန်မပြောနိုင်တာမို့သူပြုံးရုံသာပြုံးပြလိုက်တယ် ။ ကောင်လေးကခရုကမာလေးတစ်ကောင်ကိုချွတ်ယူရင်းသူ့လက်ထဲထည့်ပေးလာတယ် ။
"သူ လူသားကိုပြန်ခေါ်သွားပေးလိမ့်မယ် ၊ ဒီကိုလုံးဝပြန်မလာခဲ့ပါနဲ့ လူသားနာကျင်ရမှာကျွန်တော်မကြည့်ရက်ဘူး "
သူမရှိဘဲရှင်သန်ရတာက နာကျင်စရာအကောင်းဆုံးဖြစ်ကြောင်းဆိုတာ ကောင်လေးကမသိနိုင်ခဲ့တာပဲ ။
ပတ်ဝန်းကျင်ကိုဝေ့ဝဲကြည့်တော့ အခြေအနေကောင်းပုံမရတဲ့ Siren တွေ ။ အရာရှိဝမ်က
နားမလည်သလိုကောင်လေးကိုကြည့်လိုက်တယ် ။ ကတိပေးထားတဲ့အတိုင်း ကောင်လေးမျိုးနွယ်စုကို သူတုံ့ပြန်မတိုက်ခိုက်ခဲ့တာအသေအချာပါပဲ ။ ဘာကြောင့်များ... ။ သူ့အတွေးတွေက လျင်မြန်တဲ့လှုပ်ရှားတစ်ခုကြောင့်ရပ်တန့်သွားတယ် ။ ကောင်လေးဆီထိုးဝင်လာတဲ့ ကျောက်စူးချွန်တစ်ခု ။အလိုအလျောက်တုံ့ပြန်မှုအတိုင်းကောင်လေးကိုရင်ခွင်ထဲဆွဲထည့်ပြီး ဆူးချွန်တိုးဝင်လာရာကိုသူလက်နဲ့ကာလိုက်တယ် ။
"လူ... လူသား "
အရာရှိဝမ်က အသက်ရှုရပ်မတတ်ထိတ်လန့်မှုမျိုးနဲ့ သူ့လက်ကိုငုံ့ကြည့်နေခဲ့တယ် ။ မီးညွှန့်တွေက ရေထုထဲလှုပ်လီလှုပ်လဲ့တောက်လောင်နေကြပြီး နက်စွေးနေတဲ့ရေတွေထဲမျောနေတဲ့အဆိပ်ချွဲတွေက အလင်းထိမှာကြောက်သလို ရှောင်ကွင်းကုန်ကြတယ် ။
ရုတ်တရတ်တိုက်ခိုက်လာတဲ့ Siren ဟာ မီးတောက်တွေကိုမြင်တော့ထိတ်လန့်စွာနဲ့နောက်ဆုတ်သွားတယ် ။ ရှောင်းကျန့် မိမိကိုတိုက်ခိုက်ဖို့လုပ်ခဲ့တဲ့ အစောင့်ကိုကြည့်လိုက်ပြီးအပြစ်မဆိုဖြစ် ။ သန့်စင်ခြင်းတေးသွားဟာ အနာတရတွေကိုပျောက်ကင်းစေသော်ငြား ၊ ပြင်းထန်ခဲ့လျှင် အဆိပ်ကိုယ်နဲ့ Siren တွေကိုထိခိုက်စေနိုင်တယ် ။ သူ့မျိုးနွယ်ကိုနာကျင်စေဖို့ရာအတွက် အစ်ကိုသေဆုံးသွားထဲက စွန့်လွှတ်ထားတဲ့ သူ့တေးသံကိုပြန်ညည်းခဲ့တယ် ။ သူအသတ်ခံရရင်တောင် ဒါဟာထိုင်သင့်တဲ့
ပြစ်ဒါဏ်ပါပဲ ။