အိမ်ကိုပြန်ရောက်လာတဲ့အချိန် သရဲတစ်ကောင်လိုဝိုင်းကြည့်ခံခဲ့ရတာဟာ နန်းတော်ထဲဝင်လာတဲ့အထိ ။ ဖခင်ဖြစ်သူက မတွေ့မမြင်ဖူးတဲ့မျက်နှာထားနဲ့ သူ့ကိုငေးကြည့်နေပြီး ၊ လက်တွေကိုပါဆုပ်ကိုင်ပွတ်သပ်လာခဲ့၏ ။ မိခင်ဖြစ်သူကတော့ သူတဇောက်ကန်းလုပ်ချသွားတဲ့သတင်းကြားရထဲက အိပ်ယာထဲလဲသွားပြီး
နာမကျန်းဖြစ်လို့နေသည်တဲ့ ။မိခင်ဖြစ်သူပါတွေ့မြင်နိုင်အောင် အိပ်ဆောင်ထဲဝင်လာခဲ့ကြပေမဲ့ ၊ အရာရှိဝမ်က စကားစဖို့
ခဲယဥ်းနေတယ် ။ နောက်ဆုံးမှာတော့ သူကလည်ချောင်းတစ်ချက်ရှင်းရင်း လိုရင်းကိုပြောတယ် ။"ကျွန်တော်ထူးဆန်းတာတစ်ခုဖြစ်ခဲ့တယ် "
လက်ကိုစုပ်ချည်ဖြန့်ချည်လုပ်နေရင်း
စိတ်လွှတ်လိုက်တော့ မီးတောက်တွေက ဝုန်းခနဲလေပေါ်လွင့်ဝဲလာတယ် ။"ဒါ... ဒါက "
ဖခင်ဖြစ်သူပင် ဟန်မဆောင်နိုင်လောက် တုန်လှုပ်သွားတာမို့ သူ့လက်ကိုအိတ်ကပ်ထဲ ပြန်ထည့်ထားပြီးငြိမ်သက်နေလိုက်သည် ။
"ဒီမီးတောက်ကို Siren တွေကြောက်တယ် ၊သူတို့ရဲ့ အဆိပ်တွေလည်းမကပ်နိုင်ဘူး ...ဒါကဘာလဲဆိုတာသိနိုင်မလား? "
"သိပ်ကောင်းတယ် နောက်ဆုံးတော့... နောက်ဆုံးတော့ "
စကားဆက်မပြောနိုင်ဘဲ အပျော်လွန်မျက်ရည်တွေနဲ့မိဘနှစ်ပါးဟာ သူ့ကိုခပ်တင်းတင်းဖက်တယ် ။ မိသားစုပွေ့ဖက်တာက ရိုးရှင်းတဲ့ကိစ္စဖြစ်မလားမသိပေမဲ့ အရာရှိဝမ်ကတော့အနေရခက်ပြီး မချိမဆန့်သာခံစားလိုက်ရသည် ။
ဒီလိုနေ့တိုင်းကြုံရမည်ဆိုလျှင်ဖြင့် ၊ ရေနက်ကြောမှာသာ ပေတေပြီးသွားနေလိုက်တော့မည် ။
. . .
မိဘတွေနဲ့ အရေးကြီးသမျှပြောဆိုဆွေးနွေးခဲ့ပြီး
အိမ်ပြန်ရောက်တော့ ရေကန်ထဲသစ်တုံးလိုမျောနေတဲ့ကောင်လေးက ခေါင်းထောင်ကြည့်တယ် ။"လူသား အဆင်ပြေလာခဲ့လား "
အရာရှိဝမ်က ကန်ဘောင်ပေါ်ထိုင်လိုက်တယ်။
"သဘာဝစွမ်းအင်ဆိုတာတော့သေချာပေမဲ့ ၊
ကိုယ့်မိဘတွေနဲ့မတူညီလို့ ဘယ်လိုထိန်းချုပ်အသုံးချရမယ်မှန်း နည်းလမ်းမသိခဲ့ရဘူး "