ပူလောင်ကျိန်းစက်နေတဲ့မျက်ဝန်းတွေကိုခပ်ဖြည်းဖြည်းဖွင့်ရင်းပတ်ဝန်းကျင်ကိုသူလှည့်
ကြည့်လိုက်တယ် ။ ရေစက်ကျသံတတောက်တောက်နဲ့ သလင်းဂူတစ်ခုကသူ့ကိုကြိုဆိုနေလေရဲ့ ။ဂူထဲကရေကြည်အိုင်ထဲမှာတော့ အနီရောင်အမြီးနဲ့ထူးခြားတဲ့ Siren တစ်ကောင်ရှိနေခဲ့တယ်။ မျက်ရစ်သွယ်သွယ်ဝန်းရံခတဲ့မျက်ဝန်းငယ်လေးတစ်စုံဟာ ရေအိုင်အကွယ်လေးကနေမရဲတရဲခိုး
ကြည့်လို့ ။"မင်းဘယ်သူလဲ "
သူစကားပြောလိုက်တာနဲ့ သူခိုးလေးကလှစ်ခနဲရေကန်အောက်ခြေဆီကူးခတ်ပြေးဆင်းသွားတယ် ။ သူဒယိမ်းဒယိုင်ထလိုက်ပြီး ရေကန်စပ်ဆီသွားကြည့်တော့ကြည်လင်နေတဲ့ရေအောက် ပင်လယ်ပန်းတွေကြားပုန်းခိုနေတဲ့သတ္တဝါလေး။
"ပင်လယ်ပန်း? ဒါဘယ်နေရာလဲ "
ပန်းတွေကြားက အသာလေးခေါင်းပြူထွက်လာတဲ့သတ္တဝါလေးက အရာရှိဝမ်ကိုထိတ်လန့်သလိုလေးကြည့်နေတယ် ။
"မင်းက Siren မလား "
ကောင်လေးက ခေါင်းကိုအသာညိတ်ပြတယ် ။ ခရမ်းငွေရောင်ပြေပြေ ပြေးနေတဲ့ခရုခွံလေးတွေ ချိတ်ထားရာဆံနွယ်ရှည်ဟာ ကောင်လေးခေါင်းခါရာရေစီးကြောင်းအလိုက်ဝေ့ဝဲလို့ ။
"မင်း ငါပြောတာတွေကိုနားလည်လား "
ပန်းရုံကြားကမဝံမရဲထွက်လာတဲ့ သတ္တဝါလေးက အနီရောင်အမြီးကိုလှုပ်ရမ်းရင်းကန်စပ်ဆီပြန်ကူးခတ်လာတယ် ။ အရာရှိဝမ်နဲ့ခပ်ဝေးဝေးမှာနေရင်းရေကန်ဘောင်ကိုမေးတင်ကာ အကဲခတ်နေပုံပါပဲ ။
ရင်ဘတ်မှာလွယ်ထားတဲ့အိတ်က ကလေးအရွယ် လေးတွေအလှလွယ်တဲ့ အိတ်ဖြစ်ပြီး လက်ထဲမှာလည်းအရာရှိဝမ်ရဲ့ အမှုထမ်းတံဆိပ်ပြားလေးကိုကိုင်ဖွက်ထားတယ် ။
"ကိုယ့်ကိုပြန်ပေးနိုင်မလား? အဲ့ဒါကလူတိုင်းထိလို့မရဘူး "
သူတို့တိုက်ပွဲအတွင်းကျဆုံးသွားရင် အိမ်သူသက်ထားဆီ ပြန်တမ်းတင်တဲ့အခါ ထိုအမှုထမ်းကြေးပြားကသာအက္ခရာ ။ ထူးဆန်းတဲ့ရေနေသတ္တဝါ သို့မဟုတ်မူးမေ့ချင်ဖွယ် အလှတရားအပြည့်နဲ့ကောင်လေးက လက်ကိုနောက်ပို့လိုက်ပြီး ပြေးဖို့လုပ်ပြန်တယ်။