စကားပြောလာနိုင်ပြီဖြစ်တဲ့ကောင်လေးကိုအသေအချာထိုင်စေရင်းအကြောက်တရားလျော့သွားအောင် သူ့ခပ်ကြမ်းကြမ်းပုံစံကိုလျှော့ပေးလိုက်တယ် ။ ကောင်လေးအပိုင် ကလေးလွယ်အိတ်လေးကိုပြန်ပေးတော့ အဖော်ပြန်တွေ့သလိုမျက်ဝန်းလေးတောက်ပလာတယ် ။ သူ့စည်းရုံးရေးက အောင်မြင်သွားပုံပဲ ။
အိတ်ထဲပါသမျှထူးထူးဆန်းဆန်းတွေမဟုတ် ။ကော်နဲ့လုပ်ထားတဲ့အရုပ်အချို့ရယ် ၊ တင်းနစ်ဘောလုံးလေးတွေရယ် ။
"မင်းက မကောင်းဆိုးဝါး siren တွေနဲ့ဘယ်လိုပက်သတ်လဲ "
"မကောင်းဆိုးဝါးမဟုတ်ပါဘူး လူသားရဲ့ "
မျက်နှာငယ်လေးနဲ့ အယူခံဝင်နေပုံက အရာရှိဝမ်ကိုစိတ်ပျော့လာစေတယ် ။ သူ့ဘဝတစ်လျှောက်လုံး တာဝန်ယူခဲ့တဲ့ရာထူးအလိုက် ၊ နီးကပ်မှုအလိုက် ခေါ်ဝေါ်စရာ ဂုဏ်ပုဒ်အမျိုးမျိုးရှိခဲ့တယ်။ တပ်သားဝမ် ၊ အမှတ် 85 ၊ ဗိုလ်ချုပ်ကြီး ၊ ခေါင်းဆောင် ၊ ဆရာ ဒါကသူကြားဖူးတဲ့အရာတွေပဲဖြစ်ပြီး သတ္တဝါဆန်းလေးကတော့သူမေ့လျော့နေခဲ့တဲ့ သူ့ဖြစ်တည်မှုကိုအမည်တပ်တယ် ။
"ဒါဆိုလူတွေအများကြီးကိုသတ်ဖြတ်ပြုစားနေတာ နတ်ဘုရားတွေရဲ့လုပ်ရပ်လား "
"လူသားတို့ကအရင်စခဲ့တာလေ ၊ ကျွန်တော်တို့က ရေနက်ကြောပြင်ပမှာ လတ်ဆတ်ချိုမြတဲ့ အစာရှာချင်ခဲ့ရုံပါ "
"လူသားတွေလားချိုမြတဲ့အစာက? "
"ကျွန်တော်ကရေညှိနဲ့ပန်းခက်ပဲစားတာပါ "
"မင်းကအသိဉာဏ်မြင့်သားပဲ ၊ နံမည်တော့
ရှိမှာပေါ့ မင်းမှာ?""ဇိုင်ယန်ရှောင်း - ကျွန်တော့်ကိုဇိုင်ယန်သလင်းဂူထဲမှာသားချခဲ့တာ အဲ့ဒါမို့မေပယ်ရွက်တွေနဲ့တူတဲ့အမြီးနီနီလေးရှိနေတာလေ "
အမြီးအကြောင်း သူစိတ်မဝင်စားတာကြောင့်သိချင်တဲ့အကြောင်းအရာကိုသာ အစ်အောက်မေးနိုင်ဖို့စကားလမ်းကြောင်းလွှဲလိုက်တယ်။
"မင်းကိုယ့်ကိုဘယ်လိုကယ်ထုတ်လာတာလဲ "
"ရေဥမင်လမ်းကြောင်းကလေ ကျွန်တော်အမြဲခိုးထွက်နေကျနေရာ ၊ ဖေဖေကကျွန်တော်ခိုးမထွက်စေချင်လို့ပိတ်ထားခဲ့တာ "