ချစ်ဆိပ်တက်နေရသည့်အချိန်ဖြစ်သော်ငြား အိပ်ခန်းအပြင်မှာစောင့်နေတဲ့တာဝန်တွေကရှောင်လွှဲမရတာမို့ အရာရှိဝမ်ကတာဝန်ထမ်းဆောင်ဖို့ရာ ပြင်ဆင်နေတယ်။
နိုင်ငံသာမက ၊ သက်ရှိမျိုးနွယ်တွေရဲ့အနာဂါတ်ကိုပါခြိမ်းခြောက်နေတဲ့ ပြဿနာကိုဖြေရှင်းပေးဖို့တာဝန်ရှိတဲ့သူဟာ ရန်သူမျိုးနွယ်ဝင်နဲ့ ပျော်ပျော်ကြီးချစ်ရည်လူးကာ ပျော်ရွှင်နေခဲ့တယ် ။ ကောင်လေးကသူ့အတွက် မျိုးနွယ်စုရဲ့သစ္စာဖောက်ကလေး လုပ်နေခဲ့သလို သူကလည်းကောင်လေးအတွက်ငဲ့ပြီးရန်သူကိုပြတ်သားစွာမချေမှုန်းနိုင်ခဲ့ ။
အင်္ကျီကြယ်သီးစုံမတပ်ရသေးခင်နွမ်းနယ်စွာအိပ်မောကျနေတဲ့ကောင်လေးဟာနိုးလာခဲ့သည် ။ သူ့ကိုတွေ့တွေ့ချင်းပြုံးသွားပြီးခြေတံရှည်အားကိုးနဲ့ ရင်ဘတ်တစ်လျှောက်ပွတ်သပ်လာတယ် ။သူအဝတ်ဝတ်တာကိုနှောက်ယှက်ပစ်ဖို့ကြိုးစားနေပုံပါပဲ ။
ခြေထောက်လေးကိုဖမ်းကာနမ်းလိုက်တော့လက်သည်းကိုက်ရင်းရယ်ကျဲကျဲလုပ်နေရဲ့ ။
"ကိုယ် ဒီနေ့ သုံ့ပန်း...မင်းအမျိုးတွေနဲ့ထပ်တွေ့ကြည့်ဖို့ ၊ ကိုယ့်အထူးတပ်သားအချို့သေသွားကြတယ် ကျန်တဲ့သူတွေလည်း အသက်လုနေရတဲ့အခြေအနေပဲ... ရေလမ်းပိတ်ရတဲ့နှစ်လကျော်အတွင်းလူသားတွေအတွက်ကပ်ဆိုးအခြေအနေလည်းဖြစ်လာပြီ "
မပြောလို့မဖြစ်တော့တာတွေကိုသူစိတ်တင်းပြီးပြောလိုက်သည် ။ ကောင်လေးမျက်နှာကအပျော်တွေမှိန်ကျသွားတယ် ။ အရာရှိဝမ်က အားပေးတဲ့အနေနဲ့ခြေဖဝါးလေးကိုထပ်နမ်းပေးပြီးအုပ်မိုးလိုက်ပါတယ် ။
"ကိုယ်စောစောပြန်လာခဲ့မယ် ၊ အခုတောင်သိပ်လွမ်းနေပြီ "
သုံ့ပန်းတွေနဲ့ပြောဆိုဆွေးနွေးစေချင်ခဲ့ပေမဲ့ကောင်လေးစိတ်ထိခိုက်ရပြီး အကျိုးထူးထူးခြားခြားလည်းမရှိနိုင်တာမို့သူမေ့ထားလိုက်တယ် ။
. . .
အကျဥ်းထောင်ထဲရောက်တာနဲ့ပုပ်အဲ့အဲ့ရနံ့တွေကြောင်သူမျက်မှောင်အသာကျုံ့လိုက်တယ် ။
"အကျဥ်းသားအရေအတွက်ကဘာလို့လျော့နေရတာလဲ "
"ဟို... "