"အခုချက်ချင်း မြေလှန်ရှာကြ "
အိပ်ယာကနိုးလာတော့
ရှာမတွေ့တဲ့ကောင်လေးတစ်ယောက်အလည်လွန်နေသည်ပဲသူတွေးထင်ခဲ့ပေမဲ့ နေစောင်းတဲ့ထိ သည်ပတ်ဝန်းကျင်မှာမရှိတော့ကြောင်းသေချာတဲ့အခါအရာရှိဝမ်က စတင်ပေါက်ကွဲလာတော့သည် ။ အစောင့်တွေက ကောင်လေးထွက်သွားတာတွေ့လိုက်ပေမဲ့ပုံမှန်လည်းလမ်းထွက်လျှောက်နေကျမို့ ထွေထွေထူးထူးသတိမထားမိခဲ့ကြောင်းဆိုလာတယ် ။သက်တော်စောင့်အချို့ထားပေးခဲ့သင့်တာ ။ လူတွေမျက်စိထဲ ရိပ်စားမိသွားမှာစိုးရိမ်စိတ်နဲ့သူသာကောင်လေးဘေးနားရှိနေပေးခဲ့တယ် ။ သူမကြည့်နိုင်ခဲ့တဲ့အချိန်လေးမှာပဲကောင်လေးဟာပျောက်ဆုံးသွားခဲ့ပြီ ။
လူသားတွေထက်ထူးခြားစွာလှတဲ့ကောင်လေးဟာ ယောကျာ်းလေးဖြစ်နေပါစေဦးတော့ အန္တရာယ်တစ်ခုခုကျရောက်လာနိုင်တာမလွဲဧကံ ။
ပျိုနီဆောင်ထဲ အရိပ်အယောင်လေးတောင်မတွေ့ရတဲ့အခါသူဦးတည်ရာမဲ့လျှောက်ရှာနေမိတယ် ။
"သလင်းဂူ "
ဖျတ်ခနဲဝင်ရောက်လာတဲ့အတွေးအတိုင်း ကားနဲ့ထွက်လာခဲ့ပေမဲ့ ခြေလျင်လျှောက်လှမ်းဖို့ခက်ခဲတဲ့ခရီးကိုကောင်လေးသွားမည်ဆိုတာမသေချာ ။ မှတ်မိဖို့တောင်ခဲယဉ်းတယ်မဟုတ်ပါလား ။
မျှောလင့်ချက်ရေးရေးနဲ့သူသလင်းဂူဝထိရောက်လာတယ် ။ ကောင်လေးပြောပြခဲ့သည့်အတိုင်းမေပယ်ရွက်တွေစီးဆင်းရာစမ်းချောင်းတစ်လျှောက်သူလိုက်ဝင်လာပြီး အချိန်တစ်ခုကြာတဲ့အခါ ရေနက်ကြောဝနဲ့ဆက်သွယ်နေတဲ့ကန်ကိုရှာတွေ့ခဲ့သည် ။ သူ့မျှော်လင့်ချက်ဟာတစ်ဝက်ပြည့်ဝသွားသည့်တိုင် ၊ ယုံကြည်စိတ်ကတော့ ရိုက်ချိုးခံလိုက်ရတယ် ။ ကန်ဝမှာ ခရမ်းငွေရောင်ပြေးနေတဲ့ကမာလေးတစ်ကောင်ဟာ ကောင်လေးဒီကိုရောက်ခဲ့တယ်ဆိုတဲ့သက်သေ ။
ဒါပေမဲ့ကောင်လေးက သူ့ဆီပြန်လာမဲ့ပုံတော့မရှိခဲ့ ။
. . .
သုံးရက်ကြာအောင်ကန်ဝမှာအသက်မဲ့သလိုထိုင်နေခဲ့ပြီးနောက်မှာတော့သူပြန်လာခဲ့တယ် ။ အရာရှိဝမ်က ပုံမှန်ထက်အေးစက်သွားတယ် ။ အခန်းတံခါးပိတ်ကာ တိတ်ဆိတ်နေခဲ့တာ ရက်အတော်ကြာပြီးနောက် ရေတပ်ဌာနချုပ်ဆီ မျက်ကွင်းချောင်ချောင်နဲ့ရောက်လာခဲ့ပြီးအားချင်းအမိန့်ဆို၏ ။