ဇယ်ရီယန်ရဲ့မျက်တောင်တွေကလှုပ်ခတ်သွားခဲ့တယ် ။
"ငါဘာလုပ်ပေးရမလဲ "
"ဖေဖေတို့ဆီပြန်ပြီး ငြိမ်းချမ်းရေးအတွက်ပြောပေးပါ ၊ ယုံကြည်မှုအတွက်တော့ အာမခံနိုင်တာငါနဲ့ဒီကလေးလေးပဲ ၊ ရေတွေအကုန်ညစ်နွမ်းသွားရင် ငါနဲ့ငါ့ကလေးလေးပါမရှင်သန်နိုင်ဘူးဆိုတာမင်းသိပါတယ် "
"ငါ့ကိုယုံတယ်ပေါ့ "
"သေချာတာတော့ ငါ့အစ်ကိုက ထွက်မပြေးဘဲအသေခံခဲ့တာ မင်းကိုဒီလိုပုံစံနဲ့မြင်ရဖို့မဟုတ်ဘူးလေ ၊ မင်းကအသိဆုံးပဲ "
"သူတို့ကရော "
"ငါ့ခင်ပွန်းက အဆိပ်ဖြေပေးနိုင်မဲ့စွမ်းအင်ပိုင်ဆိုင်ထားတယ် ၊ အကုန်လုံးမထိခိုက်ဘဲ
အကောင်းပတိပြန်ဖြစ်လာအောင်ကူညီနိုင်မယ်လို့မျှော်လင့်ရတာပဲ ...မဟုတ်ဘူး ယုံကြည်ရတယ် ငါယုံကြည်တယ် ""ဘယ်အချိန်ပြန်သွားရမလဲ "
"ငါသူနဲ့ပြန်ဆွေးနွေးလိုက်မယ် မင်းတစ်ခုခုတောင်းဆိုချင်တာများရှိလား "
"ငါတို့ဘယ်အချိန်ထိဒါတွေနဲ့ ချုပ်နှောင်ခံထားရမှာလဲ "
"မင်းတို့အတွက်သိပ်လှတဲ့ရေကန်ဆောက်ပေးဖို့သူပြောနေတာ ၊ ဒါပေမဲ့ မင်းတို့ကလူဝင်လာရင် အန္တရာယ်ပဲပြုနေတော့သူလက်လျှော့လိုက်ရတယ် ၊ အခုလည်းငါ့ကိုရန်ပြုမှာစိုးလို့ပါ ၊ ငါထွက်သွားတာနဲ့ဘာမှဆက်လုပ်မှာမဟုတ်ဘူး "
ရှောင်းကျန့်ဗိုက်လေးကိုထိန်းပြီးထလိုက်တယ် ။
"မင်းတို့ရောလမ်းမလျှောက်ချင်ကြဘူးလား "
ရေနက်လောကရဲ့အလှဆုံးဖြစ်တဲ့အပြုံးလေးကိုသူတို့ငေးမိသွားခဲ့တယ် ။
"လူသားတစ်ယောက်နဲ့ သွေးမျှလိုက်ရင် ခြေထောက်တွေရနိုင်တယ် "
အဖွဲ့ထဲ ခြေထောက်တွေအမြဲလိုချင်ခဲ့တဲ့ Siren သေးသေးလေးကိုကြည့်ရင်း ရှောင်းကျန့်ကပြောလိုက်တယ် ။ ဇယ်ရီယန်က မပြောင်းမလဲမွှေနေဆဲဖြစ်တဲ့ ရှောင်းကျန့်ကိုနှင်ထုတ်ပစ်တော့တယ် ။
. . .
ပျောက်ကွယ်သွားတဲ့ဇယ်ရီယန်ကိုကြည့်ရင်း အရာရှိဝမ်က မရေရာတဲ့မနက်ဖြန်အတွက်အကောင်းဘက်ကိုသာမျှော်လင့်နေတယ် ။