နှင်းသိပ်သိပ်ကျနေသည့်တိုင် လပြည့်ဝန်းငယ်က ကောင်းကင်မှာမပျင်းမရိတောက်ပနေတယ် ။
ကျိုးကျေပွန်းပဲနေတဲ့ပျိုနီပန်းတို့ဟာဖွေးညက်တဲ့ကောင်လေးရဲ့အသားအရည်ကိုမြေပြင်နဲ့မထိအောင်ကာရံပေးထားတဲ့ မွေ့ယာခင်းသဖွယ်။
ပွတ်တိုက်နေတဲ့ အသားစိုင်တွေက ယခင်အခါကထက်ပိုမိုကြမ်းတမ်းနေပြီး ပြင်းထန်တဲ့လိုအင်ဆန္ဒကိုညွှန်းဆိုပါတယ် ။
ခါးတစ်ခွင်ခွလာတဲ့ခြေချောင်းလေးတွေဟာ အရာရှိဝမ်ရဲ့ရမ္မက်ကိုထိုးဆွလိုသလိုပွတ်သပ်နေတာမို့ ပူလောင်လာတဲ့သွေးတို့က အေးခဲနေတဲ့ ဆောင်းရာသီကိုလှောင်ပြောင်ပါရဲ့ ။
မေးစေ့ထိနယ်ချဲ့စုပ်ယူရာကနေ ရင်ညွန့် ၊ ခါးရိုး ၊ ဆီးခုံတစ်လျှောက် အရာရှိဝမ်ပေးတဲ့အမှတ်နီနီတို့ဟာ ပျိုနီပန်းငယ်တွေနဲ့အပြိုင်ရဲရဲစွေးလို့ ။
ပေါင်ခြံနုနုကနေခြေဖျားလေးတွေအထိ ကိုက်ရာအမှတ်မကြွေသည်မှာမရှိ ။ ခြေဖျားနုနုလေးကိုကိုက်ဖဲ့ကျီဆယ်တော့ ကောင်လေးဟာခြေချောင်းတွေကိုကွေးကုပ်လိုက်တယ်။
"ကိုယ်တို့ပြန်ကြရအောင် မင်းသိပ်အေးနေမယ်"
ခြေဖမိုးကိုအသာနမ်းရင်းဆိုတော့ကောင်လေးကထဖို့ပြင်နေတဲ့ သူ့ကိုပြန်ဆွဲထားတယ်။
"ဟင့်အင်း "
"ဘာကိုဟင့်အင်းလဲ "
"ဟင့်အင်း "
"ကွယ် ...ဘာကိုထပ်ဟင့်အင်းတာတုန်း"
"အတူနေချင်တယ် "
"အခုအတူရှိနေတယ်လေကောင်လေးရဲ့ "
"ဟင့်အင်း "
မျက်နှာရဲရဲလေးကိုမြင်တော့သူပထမဦးအကြိမ်သံသယဝင်လာတယ် ။ မျက်နှာလေးရဲလာတိုင်း အတူနေချင်တယ်ပြောခဲ့ပေမဲ့ အတူအဖော်ပြုပေးရင်လည်းစိတ်ချည်သည်းသာ။
"ကျွန်တော်အရွယ်ရောက်နေပြီ လူသားကဖမ်းထားတော့.... "
"ရာသီချိန်လား "
ကောင်လေးက ခေါင်းကိုသူ့ရင်ခွင်ထဲဖွက်ရင်း ရင်ဘတ်ကြွက်သားစိုင်တွေကို အာသာပြေရာရှာသလိုနမ်းလာတယ် ။