[ Unicode ]
Chapter 1 : Am I reborn again?
မျက်လုံးများကို အားယူဖွင့်လိုက်တော့ ကျွန်းသစ်ရောင် မျက်နှာကျက်အား ဦးစွာတွေ့လိုက်ရသည်။လေးဘက်လေးလံက စူးရှလှသော အလင်းရောင်ကြောင့် မျက်လုံးများအား ချက်ချင်းမှိတ်ချမိသည်။ထိုအလင်းရောင်ကို ကျင့်သားရသွားမှ အခန်းပတ်ပတ်အား စူးစမ်းကြည့်လိုက်၏။ရင်းနှီးနေသော အခန်းအပြင်အဆင်ကြောင့် ရိပေါ်ရင်ထဲ ဝုန်းခနဲအသံပင် မြည်သွားသည်။
သူ သေသွားတာ မဟုတ်ဘူးလား?
ဆေးရုံမရောက်ဘဲ ဘယ်နှယ့်ကြောင့် ဒီအခန်းထဲပဲ ပြန်ရောက်နေတာလဲ?မဟုတ်မှလွဲ အဲ့ဒီလူကြီးက သူ့ကို ဆေးရုံမပို့ဘဲ အိမ်ကိုပြန်ခေါ်လာတာလား?
ထိတ်လန့်မှု၊စိုးရွံမှုနှင့်အတူ ကုတင်ပေါ်မှ အလျှင်အမြန် ထလိုက်သည်။အံ့ဩစရာကောင်းသည်မှာ သူ့တစ်ကိုယ်လုံး နာကျင်ကိုက်ခဲမှုကို မြူတစ်မှုန်မျှ မခံစားရပေ။
သူ ကားတိုက်ခံလိုက်ရတာ မဟုတ်ဘူးလား?
ဒါမှမဟုတ် ကားတိုက်ပြီးပြီးချင်း ကောင်းကင်ဘုံကိုများ တန်းရောက်သွားလေသလား?
မဖြစ်နိုင်ပေ။
အကယ်၍ ကောင်းကင်ဘုံကို ရောက်သွားလျှင် သည်လို အကျဉ်းထောင်လိုမျိုး နေရာသို့ နောက်တစ်ကြိမ် ပြန်ရောက်စရာ အကြောင်းမရှိ။ရိပေါ် သတိကြီးစွာထားပြီး အခန်းပတ်ပတ်လည်အား ဂရုတစိုက်ကြည့်လိုက်မိသည်။အရာအားလုံးက သူ့နေရာသူ၌ ရှိပြီး ပုံမှန်ပင်။
ဤအခန်းသည် သူနှင့်ရှောင်းကျန့်တို့၏ အခန်းဖြစ်ပေသည်။အခန်း၏ အကျယ်သည် အိမ်တစ်လုံးစာလောက်ပင် ရှိတာကြောင့် သူနှင့်ရှောင်းကျန့်တို့ လက်ထပ်ပြီးချိန်တွင် သည်အခန်းထဲ၌သာ အတူတကွနေထိုင်ကြ၏။
အခန်းအတွင်း မည်သူမျှမရှိသဖြင့် ရိပေါ် ရေချိုးခန်းဘက်သို့ ထွက်လာခဲ့သည်။သူ့ခန္ဓာကိုယ်ပေါ်၌ ဒဏ်ရာရှိမရှိ စစ်ဆေးကြည့်ရန် ဖြစ်သည်။မှန်ရှေ့သို့ ရောက်သွားသည်နှင့် မှန်ထဲကလူ၏ အပြာရင့်ရင့်ဆံပင်တွေကြောင့် ရိပေါ် မျက်လုံးများပင် ပြူးကျယ်သွားသည်။
YOU ARE READING
REBIRTH OF A LAZY YOUNG MASTER [ ZHANYI ]
Romance[ ZAWGYI + UNICODE ] Title - REBIRTH OF A LAZY YOUNG MASTER THIS IS MY OWN CREATION BUT NOT TRANSLATION. XIAO ZHAN × WANG YIBO . START DATE - MARCH 9,2022