[ UNICODE ]
Chapter 8 : But, It suits you
ယနေ့ ဒယ်ဒီ့ဆီ သွားရမည်ဖြစ်တာကြောင့် ရိပေါ်တစ်ယောက် မနက်စောစောစီးစီး တက်ကြွတဲ့ကြက်ဖ ဖြစ်နေသည်။ရှောင်းကျန့်ကတော့ မနက်တိုင်း စောစောထနေကြ ဖြစ်သဖြင့် သူ့လက်မောင်းထဲမှ ရိပေါ် ထသွားကတည်းက သူလည်း နိုးပြီးသားပင်။အမှန်အတိုင်းဝန်ခံရလျှင် နားရက်လေးမို့ ရှောင်းကျန့် ဆက်အိပ်ချင်သော်လည်း သူ့အိပ်ဆေးလေးက နိုးသွားပြီ ဖြစ်တာကြောင့် သူလည်း ဘယ်လိုမှ ပြန်အိပ်မရတော့ချေ။
ထမင်းစားခန်းထဲရှိ လေထုကြီးကလည်း မနေ့ကနှင့် တခြားစီပင်။ရုတ်ခြည်း ပြောင်းလဲသွားသော လေထုအခြေအနေကြောင့် အိမ်တော်ထိန်းဟွမ်ပင် အံ့ဩနေရသေးသည်။ကာယကံရှင်နှစ်ယောက်ကမူ သူတို့မဟုတ်ကြသည့်အတိုင်း ငြိမ်ငြိမ်သက်သက် စားသောက်နေကြသည်။တိတ်ဆိတ်နေကြသော်လည်း သူတို့နှစ်ယောက်တွင် အတွေးကိုယ်စီနှင့်သာ။
မနက်စာစားမခင် ရိပေါ် ဒယ်ဒီ့ဆီသို့ သူတို့လာလည်မည်ဖြစ်ကြောင်း ဖုန်းဆက်ခဲ့သည်။ဒယ်ဒီသည် ရှောင်းကျန့်လို တစ်နေကုန် အလုပ်မသွားရဘဲ အလုပ်ကိစ္စပေါ်လာမှသာ သွားရတတ်တာကြောင့် ရိပေါ် Surprise တိုက်ချင်သော်လည်း ဖုန်းကြိုဆက်လိုက်ရသည်။ဒယ်ဒီကတော့ သူဖုန်းခေါ်လိုက်ရုံနှင့် Surprise ဖြစ်သွားခဲ့ပုံပင်။ဘယ်အချိန်လောက် ဝမ်အိမ်တော်တွင် ရှိလောက်မလဲဟု မေးလိုက်သောအခါ ညနေပိုင်းလောက်၌ အိမ်တော်မှာ ရှိနေမည်ဟု ပြန်ဖြေခဲ့သည်။
သို့သော် ရှောင်းကျန့်၏ အလုပ်ဆင်းချိန်သည် အတော်လေးနောက်ကျတာကြောင့် အချိန်မတိုက်မည်ကို ရိပေါ် စိုးရိမ်ခဲ့သည်။ရှောင်းကျန့် မပါလျှင် သူ့အတွက် ပိုလွတ်လပ်သည် ဆိုသော်လည်း အကယ်၍ ရှောင်းကျန့်သာ ဝမ်စံအိမ်တော်သို့ မလိုက်ခဲ့ပါလျှင် သူ စိတ်ပျက်မိလိမ့်မည်။
"ဒီနေ့ ခင်ဗျား အလုပ်က ဘယ်အချိန်ပြန်လာမှာလဲဟင်?"
"ကိုယ် နှစ်ရက်စာ ခွင့်ယူထားတယ်။ ဒါကြောင့်မို့ မစိုးရိမ်နဲ့။ "
ရှောင်းကျန့်က သူ့ခံစားချက်အား နားလည်သည့်အလား အနည်းငယ် နူးညံ့သော လေသံနှင့် ပြန်ဖြေလာသည်။ထိုအဖြေကြောင့် ရိပေါ် ကျေနပ်သွားသော်လည်း သူ့ကြောင့် အလုပ်အကြွေးတွေ တင်သွားမည်ကို စိုးရိမ်သွားမိပြန်သည်။
YOU ARE READING
REBIRTH OF A LAZY YOUNG MASTER [ ZHANYI ]
Romance[ ZAWGYI + UNICODE ] Title - REBIRTH OF A LAZY YOUNG MASTER THIS IS MY OWN CREATION BUT NOT TRANSLATION. XIAO ZHAN × WANG YIBO . START DATE - MARCH 9,2022