Chapter 6 : Dinner Invitation

1.6K 171 3
                                    

[ UNICODE ]

Chapter 6 : Dinner Invitation

နံနက်ခင်း၌ ရိပေါ် စောစောနိုးလာခဲ့သည်။ကုတင်ပေါ် ထထိုင်လိုက်သည့်အခါ သူ့ခန္ဓာကိုယ်သည် အရင်လိုသွက်မနေဘဲ နုံးချိနေ​၏။ထို့အပြင် သူ ဝတ်ထားသော အင်္ကျီများသည် မနေ့ညက အင်္ကျီများ မဟုတ်တာကြောင့် အနည်းငယ် အံ့ဩသွားခဲ့သည်။

တွေဝေနေစဉ် သွေးကြောများဖြင့် ပြည့်နှက်နေသော လက်တစ်ဖက်က သူ့အာရုံအား ဆွဲဆောင်သွားခဲ့သည်။ထိုလက်တစ်ဖက်သည် သူ့ခါးပေါ် ပိုင်စိုးပိုင်နင်းတင်ထားလျက် တင်းကြပ်စွာလည်း ဖက်ထားသေး​၏။

အမှတ်တမဲ့ ခေါင်းစောင်းကြည့်လိုက်ရာ မကောင်းဆိုးဝါးတစ်ကောင်ကို အရှင်လတ်လတ် တွေ့လိုက်ရသလိုမျိုး သူ ထိတ်လန့်သွား​မိ၏။ရှောင်းကျန့်သည် အပေါ်ပိုင်းဗလာကြီးဖြင့် သူ့နံဘေးတွင် အိပ်မောကျနေသည်။အမြဲတစေ လူကြီးဆန်ဆန် နဖူးပေါ် သပ်တင်ထားတတ်သည့် ဆံပင်များကလည်း ယခုအခါ ဖွာလန်ကြဲလျက် နဖူးပေါ်သို့ ခပ်အုပ်အုပ်လေး ဝဲကျနေ​သည်မှာ နှစ်လိုဖွယ်ကောင်းလှပေသည်။

ရိပေါ်ခမျာ အနှီလူကြီး​၏ ချစ်စရာကောင်းမှုအဖြာဖြာအား ခံစားရန် အချိန်ပင်မရှိသေးဘဲ ကုတင်ပေါ်မှ ထပြေးချင်စိတ်ပေါက်လာသည်။သို့သော်လည်း ပင်ပန်းနေပုံပေါက်နေသည့် ရှောင်းကျန့်ပုံစံကြောင့် မလှုပ်ဝံ့တော့ဘဲ ဒီအတိုင်းသာ ငြိမ်နေလိုက်သည်။ညပေါင်းများစွာ အိပ်ရေးပျက်ခံပြီး အလုပ်များအား ဖိလုပ်နေတတ်သော အနှီလူက နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသဖြင့် ပို၍ပင် မနိုးရက်တော့ပေ။ပြန်လည်းမအိပ်ရဲတာကြောင့် ရိပေါ် ကုတင်ပေါ် ငူငူကြီး ထိုင်နေမိ​သည်။

ပတ်ဝန်းကျင်အား အကဲခတ်လိုက်ရာ ဤအခန်းသည် သူတို့အခန်းမဟုတ်ဘဲ ဧည့်သည်အခန်း ဖြစ်နေသည်ကို တွေ့ရှိလိုက်ရသည်။ထို့အပြင် စားပွဲခုံပေါ်က ဆေးလုံးများကိုလည်း တွေ့လိုက်ရသည်။ရိပေါ် ထိုဆေးများအား ယူကြည့်လိုက်ရာ အဖျားပျောက်ဆေးများ ဖြစ်နေသည်ကို တွေ့လိုက်ရသည်။

မူမမှန်နေသော ခန္ဓာကိုယ်ကြောင့် သူ့နဖူးအား စမ်းကြည့်လိုက်ရာ နွေးနွေးလေး ဖြစ်နေသဖြင့် တစ်စုံတစ်ခုအား ရိပေါ် နားလည်သဘောပေါက်သွားခဲ့သည်။စောစောက တွေးနေခဲ့သော ​မဟုတ်ကဟုတ်က အတွေးများကလည်း လေနှင့်အတူ ချက်ချင်းပျောက်ကွယ်သွားတော့သည်။

REBIRTH OF A LAZY YOUNG MASTER [ ZHANYI ]Where stories live. Discover now