Chapter 13 : A Limited Edition Gift

1.3K 158 3
                                    

[ UNICODE ]


Chapter 13 : A Limited Edition Gift




"ဒါပေမဲ့ ကျွန်တော် လက်ဆောင်မပေးရသေးဘူးရယ်။ သွားပေးလိုက်အုံးမယ်။ ခင်ဗျား ကားပေါ်မှာ စောင့်နေရင်စောင့်နေလေ။ "

သူ့ကို ဒယ်ဒီ့ဆီ မသွားခိုင်းတော့မည်ကို ကြောက်တာကြောင့် ရှောင်းကျန့်ရှေ့မှ အလောတကြီး ထွက်လာလိုက်သည်။

ရှောင်းကျန့်လည်း မပြေးရုံတမယ် လမ်းလျှောက်နေသော ကောင်ငယ်လေး​​၏ လက်မောင်းရင်းကို အလျင်အမြန် ဖမ်းဆွဲလိုက်သည်။ဆွဲလိုက်သည့် အားကြောင့် ထိုကောင်ငယ်လေးခမျာ ဟန်ချက်ပျက်သွားဟန်။နောက်ပြန်လန်ကျလာပြီး ခေါင်းလေးနှင့် သူ့ရင်ခွင်နှင့် တိုက်မိသွား​၏။

ရင်ခွင်ထဲက ခန္ဓာကိုယ်လေးကြောင့် ရှောင်းကျန့် သူ့နှာခေါင်းဝတွင် ပူရှိန်းအနံ့သင်းသင်းလေးကို ရနေသည်။ထိုပူရှိန်းအနံ့​၏ ဇာစ်မြစ်သည် ရေချိုးဆပ်ပြာရည်ကြောင့် မဟုတ်ဘဲ ကောင်ငယ်လေး​၏ခန္ဓာကိုယ်မှ ထွက်လာသည့် သူအကြိုက်ဆုံးသော Pheromone အနံ့များဖြစ်ကြောင်း သူ သိလေသည်။ပူရှိန်းအနံ့လေးဖြစ်တာကြောင့် ရှူလိုက်သည်နှင့် စိတ်အစုံကို အေးချမ်းစေပြီး လန်းဆန်းတက်ကြွစေသည်။

"အတူတူသွားမယ်။ "

"ခင်- ခင်ဗျားသဘောပဲ။ "

စကားထစ်ထစ်အအဆိုလျက် သူ့ရင်ခွင်ထဲမှ လှစ်ခနဲ ထွက်ပြေးသွားပြန်သည်။ဤတစ်ကြိမ်၌မူ ရှောင်းကျန့် မတားလိုက်ချေ။သူ့လက်များသည် ဆယ်ကျော်သက်အရွယ်ကတည်းက သေနတ်ကိုင်ခဲ့ရတာကြောင့် အနည်းငယ် အသားမာတတ်နေသည်။အသားမာတတ်နေသော လက်သည် သွယ်လျသော လက်လေးနှင့် မလိုက်ဖက်သော်ငြား ရှောင်းကျန့်ကမူ လုံးဝမတွေဝေဘဲ သူ့အပိုင်ဖြစ်ပြီးသား လက်လေးကို ဆုပ်ကိုင်လိုက်သည်။ခေါင်းငုံ့ထားတာကြောင့် သူ ကောင်ငယ်လေး​၏ မျက်နှာကို မမြင်ရသော်လည်း မျက်ဝန်းလေးများ ဝိုင်းစက်သွားလိမ့်မည်ဟု မသိစိတ်မှ ခန့်မှန်းမိသည်။

သူတို့တွေက အတူတူတောင် အိပ်ပြီးသွားကြပြီပဲ။ လက်ကိုင်တာ ဘာအရေးလဲ?

နောက်ဆုံးတော့ ရိပေါ် ထိုအတွေးကြောင့် မရုန်းမိတော့ချေ။ဥယျာဉ်မှ အိမ်တော်အထိ လက်တွဲလာကြသည့် တစ်လျှောက်လုံး သူ့နားရွက်များက သနားစဖွယ် နီရဲနေခဲ့သည်။

REBIRTH OF A LAZY YOUNG MASTER [ ZHANYI ]Where stories live. Discover now