Chapter 11 : Criminal Murderer

1.5K 160 3
                                    

[ UNICODE ]


Chapter 11 : Criminal Murderer



"ကဲပါ ထားပါတော့။ ဒီလိုနေ့လေးမှာ ဆူပူတဲ့စကားတွေ မပြောကြရအောင်။ ရှောင်ဝမ်လည်း နောက်ဆို လမ်းကိုဂရုစိုက်ကြည့်လျှောက်။ ခုလေးတင် မင်း ကိုကို ဘယ်လောက်ပျာယာခတ်သွားလဲ မြင်လိုက်တယ်မလား? ရှောင်းကျန့်တင် မဟုတ်ဘူး ဒယ်ဒီပါ စိတ်ပူတယ်။ "

"ဟုတ် ကျွန်တော်သိပါတယ်။ "

ဝမ်ဖေးပိုင်ကိုယ်တိုင် ဖျန်ဖြေပေးနေတာကြောင့် ရှောင်းကျန့်လည်း ဘာမှဆက်မပြောတော့ပေ။သို့သော်လည်း သူ့လက်ထဲမှ ခါးလေးကို မလွှတ်ပေးသေးဘဲ ဆိုဖာပေါ် အရင်ထိုင်စေသည်။ပြီးခါမှ ထိုခါးသွယ်သွယ်လေးအား ညင်သာစွာ လွှတ်ပေးလိုက်သည်။

ဝမ်ဖေးပိုင် အိမ်စေတစ်ယောက်ကို သူ့သားအတွက် အထူးတလည် ပြင်ဆင်ထားသည့် ကိတ်မုန့်များ၊ အချိုပွဲများနှင့် ရှောင်းကျန့်အတွက် နှစ်ချို့ဝိုင်ပုလင်းအချို့ လာချခိုင်းလိုက်သည်။

"ငါ့မှာ မင်းတို့လာမယ် ကြားတော့ အံ့တောင်ဩသွားသေးတယ်။ ငါ့လို လူအိုကြီးကို မေ့နေကြပြီလို့တောင် ထင်တာ။ "

ထိုစကားကြောင့် ရိပေါ် အတော်လေး စိတ်မကောင်းဖြစ်သွားရသည်။သို့သော်လည်း ငြိမ်ကျသွားခြင်းသည် သူ့ပုံစံမဟုတ်တာကြောင့် ချက်ချင်းပင် နှုတ်ခမ်းစူလိုက်ပြီး ပြန်ရန်တွေ့လိုက်​၏။

"ဒယ်ဒီကလည်း .. ဒယ်ဒီပြောတဲ့ပုံကြီးက ကျွန်တော်ကပဲ ဒယ်ဒီ့ဆီ တစ်သက်လုံး လာမတွေ့တော့မဲ့ ပုံစံကြီးနဲ့။ "

"မဟုတ်လို့လား? ဒယ်ဒီကို ပစ်သွားပြီး ယောက်ျားနောက် ကောက်ကောက်ပါအောင် လိုက်သွားတဲ့ ခွေးလေးကများ။ "

ထိုစကားသည် အမှန်ဖြစ်နေသောကြောင့် ရိပေါ်တစ်ယောက် ပြန်လည်မချေပနိုင်တော့ချေ။စစ်ကူခေါ်သည့်အနေဖြင့် ရှောင်းကျန့်ကို တစ်ချက်လှမ်းကြည့်လိုက်တော့ ထိုလူကြီးက ရူတည်တည် မျက်နှာထားကြီးဖြင့် ဝိုင်ကို ဇိမ်ခံသောက်နေကာ သူ့အကြည့်ကို မမြင်ချင်ယောင်ဆောင်နေတာကြောင့် ရိပေါ့်ဒေါသတို့မှာ ထောင်းခနဲ ထွက်လာသည်။

REBIRTH OF A LAZY YOUNG MASTER [ ZHANYI ]Where stories live. Discover now