[ UNICODE ]
Chapter 10 : Strong and dignified Daddy
ရှောပင်းမောထဲမှ အထွက်တွင် ရိပေါ်ဗိုက်ထဲမှ တဂွီဂွီမြည်သံများ ထွက်ပေါ်လာလေသည်။ရိပေါ်၏ဘေးတွင် ကပ်လျက် လျှောက်နေသော ရှောင်းကျန့်သည်လည်း ထိုအသံများကို သေချာပေါက် ကြားလိုက်ရတာကြောင့် သူ့မျက်နှာပေါ်တွင် ရယ်မြူးရိပ်များ သမ်းလာပြီး နှုတ်ခမ်းထောင့်စွန်းများက ကော့တက်သွားသည်။
သို့သော်လည်း သူ့တွင် စနောက်ချိန်ပင်မရသေးဘဲ အနီးအနားရှိ စားသောက်ဆိုင်သို့ အမြန်မောင်းရသည်။ထိုစားသောက်ဆိုင်သည် သိပ်မကြီးသော်လည်း အစားအသောက်ကောင်းသည်ဟု မှတ်ချက်များစွာရထားတာကြောင့် ရှောင်းကျန့်လည်း သီးသန့်ခန်းတစ်ခန်း ယူလိုက်သည်။
သူတို့နှစ်ယောက် သီးသန့်ခန်းထဲသို့ ရောက်သည်နှင့် စားပွဲထိုးလေးတစ်ယောက်သည် Menu စာအုပ်နှင့်အတူ အခန်းထဲ ဝင်လာသည်။ထို့နောက် Menu စာအုပ်အား ရှောင်းကျန့်ဆီသို့ ရိုသေစွာ ကမ်းပေးလာသည်။ရှောင်းကျန် ထို Menu စာအုပ်အား ကောင်ငယ်လေးအရှေ့သို့ အရင်တွန်းပို့လိုက်သည်။
"ကြိုက်တာမှာလိုက်။ ဗိုက်ဆာနေပြီမလား?"
ရှောင်းကျန့်ကိုယ်တိုင်ကိုက မှာခိုင်းနေသဖြင့် ရိပေါ်လည်း ဟန်မဆောင်နိုင်တော့ချေ။
"အမ် .. ပင်လယ်စာထမင်းကြော်တစ်ပွဲ၊ တန်ပူကြော်တစ်ပွဲ၊ ငါးကင်တစ်ပွဲ၊ စတော်ဘယ်ရီကိတ်မုန့်တစ်ခု၊ ပြီးတော့ Coca Cola တစ်ပုလင်းပါ ထည့်လိုက်ပါ။ "
"ဟုတ်ကဲ့ပါဗျ။ "
သူ၏ ရှည်လျားထွေပြားလှသော အစားအသောက်စာရင်းကို ထိုစားပွဲထိုးလေး မှတ်ပြီးသွားသည်နှင့် ရိပေါ် ရှောင်းကျန့်ဘက်သို့ Menu စာအုပ်ကို ပြန်တွန်းပို့လိုက်သည်။သို့သော်လည်း ရှောင်းကျန့်သည် Menu စာအုပ်ကို မယူဘဲ တစ်ခုခုအား မျှော်လင့်နေသလိုမျိုး သူ့ကို စိုက်ကြည့်နေတာကြောင့် ရိပေါ် တစ်ခေတ္တကြောင်သွားသည်။
ထို့နောက် ရိပေါ် အသံမထွက်ဘဲ နှုတ်ခမ်းလှုပ်ရုံမျှ 'ဘာလဲ' ဟု မေးလိုက်သော်လည်း အဖြေပြန်မရဘဲ စူးရှသောအကြည့်များကိုသာ လက်ခံလိုက်ရပြန်သည်။
YOU ARE READING
REBIRTH OF A LAZY YOUNG MASTER [ ZHANYI ]
Romance[ ZAWGYI + UNICODE ] Title - REBIRTH OF A LAZY YOUNG MASTER THIS IS MY OWN CREATION BUT NOT TRANSLATION. XIAO ZHAN × WANG YIBO . START DATE - MARCH 9,2022