Chapter 7 : Do you want to die?

1.5K 170 2
                                    

[ UNICODE ]

Chapter 7 : Do you want to die?

ရှောင်းအိမ်တော်သို့ သူနှင့်အတူတူ သွားရမည်ကိုသာ ကောင်ငယ်လေး သိလျှင် ဘယ်လိုတုံ့ပြန်မလဲ ရှောင်းကျန့် ရုတ်တရက်ကြီး သိချင်လာမိသည်။

လက်ပတ်နာရီအား စိတ်မရှည်စွာ ငုံ့ကြည့်လိုက်တော့ 11:50 သာ ရှိနေသေး​၏။ကုမ္ပဏီ၌ နေ့လယ်ခင်းနားချိန်သည် ဆယ့်နှစ်နာရီအတိမှ စလေသည်။သို့သော် ရှောင်းဥက္ကဋ္ဌကြီးကမူ နာရီတွေ၊ မိနစ်တွေအား ဂရုမစိုက်တော့ဘဲ ကားပါကင်သို့ပင် ရောက်သွားလေပြီ။

အိမ်အပြန်လမ်းတွင် အသစ်ဖွင့်ထားသော ကိတ်မုန့်ဆိုင်တစ်ဆိုင်အား တွေ့လိုက်ရတာကြောင့် ထိုကိတ်မုန့်ဆိုင်အား တစ်ချက်စိုက်ကြည့်ပြီး ခဏတွေဝေသွားသည်။နောက်ဆုံး ကားပေါ်မှဆင်းကာ ကောင်ငယ်လေး ကြိုက်လောက်မည့် ကိတ်မုန့်သုံးခုလောက် ဝယ်ခဲ့လိုက်သည်။

ထိုကိတ်မုန့်အိတ်အား ကားမောင်းသည့် နေရာဘေးရှိ ထိုင်ခုံတွင် စနစ်တကျ တင်ထားလိုက်ပြီး ကားစက်နိုးလိုက်သည်။ကျန့်စံအိမ်တော်မှ သူ့ကုမ္ပဏီသို့ ပုံမှန်အရှိန်နှင့် မောင်းလျှင် အနည်းဆုံး လေးဆယ့်ငါးမိနစ်လောက် ကြာတတ်သည်။သို့သော် အိမ်ပြန်ရန် စိတ်လောနေခြင်းကြောင့်လားမသိပေ ၊ သူ အိမ်ပြန်ရောက်သောအခါ အချိန်ကား 12:15 သာ ရှိနေသေး​၏။

ပူအိုက်သော ရာသီဥတုကြောင့် ထိုကိတ်မုန့်အိတ်အား ရေခဲသေတ္တာထဲ ထည့်လိုက်ပြီးမှ သူတို့အခန်းဆီသို့ ဦးတည်သွားလိုက်သည်။အခန်းထဲ ဝင်လိုက်သည်နှင့် PC ဖြင့် ဂိမ်းဆော့နေသော ကောင်ငယ်လေးအား ဦးစွာတွေ့လိုက်ရသည်။

ကုတင်ပေါ် ထိုင်လိုက်သည့်တိုင် ကောင်ငယ်လေးက သူ့အား ဂရုမပြုမိပါချေ။အစက သူ့အား ဂရုပြုမိစေရန် ပါးဖောင်းဖောင်းလေးအား တို့ထိကာ စနောက်ချင်သော်လည်း လေးနက်နေသည့် မျက်နှာလေးကြောင့် နှောင့်ယှက်ရက်တော့ဘဲ တစ်ယောက်တည်း တိတ်ဆိတ်စွာ အနားယူလိုက်သည်။

...

"အဟား၊ နိုင်ပြီကွ!"

ခက်ခဲသော Level တစ်ခုအား ဖြတ်ကျော်နိုင်သွားတာကြောင့် ရိပေါ် ဝမ်းသာအားရ ထိုင်ခုံပေါ်မှ ထခုန်မိသည်။သို့သော်လည်း ဆုံလည်ကုလားထိုင်သည် သူ့ဟာနှင့်သူတောင် အမြဲလည်နေသောကြောင့် ခြေချော်သွားကာ ဟန်ချက်ပျက်သွားခဲ့​သည်။

REBIRTH OF A LAZY YOUNG MASTER [ ZHANYI ]Where stories live. Discover now