Chapter 5 : It's not fair, kid

1.6K 172 2
                                    

[ UNICODE ]

Chapter 5 : It's not fair, kid

ညသန်းခေါင်ကျော်ကျော်လောက်၌ BMW Luxury တစ်စီးသည် ကျန့်အိမ်တော်​၏ ခြံအရှေ့၌ ထိုးရပ်သွားလေသည်။ရင်းနှီးလှသော ကားအမျိုးအစားကြောင့် ခြံစောင့်ဦးလေးက ခြံတံခါးကို အလျင်အမြန် ဖွင့်ပေး​၏။

ခြံတံခါးပွင့်သွားသည်နှင့် BMW Luxury ကားလေးသည် လေ့ကျင့်ပေးထားသည့်အတိုင်း သေသေသပ်သပ်ပင် ကားပါကင်ထိုးရမည့်နေရာ၌ ရပ်သွားလေသည်။ထိုကားအား မောင်းနှင်နေသော လူသည် အင်မတန် ကားမောင်းကျွမ်းလိမ့်မည်ဟု မျက်စိနှင့် မြင်ရုံဖြင့် ဆိုနိုင်သည်။

​ထိုလူသည် ဝတ်စုံအပြည့် ဝတ်ဆင်ထားပြီး အေးတိအေးစက် Aura များ လွှမ်းခြုံလျက် အိမ်တော်ထဲသို့ ဝင်လာ​၏။နှုတ်ခမ်းပါးတို့ကို ခပ်တင်းတင်း စေ့ထားပြီး မျက်မှောင်ကြုတ်နေသည့် သူ့ပုံစံက တစ်ခုခုကို စိတ်ထင့်နေဟန်။

"ဝမ်ရိပေါ် ဘယ်မှာလဲ ဦးလေးဟွမ်?"

"သခင်လေးက ဆယ်နာရီလောက်ကတည်းက အိပ်ပျော်သွားပါပြီ သခင်ကြီး။ "

သူမရှိတုန်း အပြင်ခိုးထွက်ပြန်မည်ကို သူ စိတ်ပူနေခဲ့သည်။အိမ်တော်ထိန်းဟွမ်​၏ အဖြေကို ကြားလိုက်မှ မျက်နှာပေါ်ရှိ ကြွက်သားများက တဖြည်းဖြည်း ပြေလျော့သွား​၏။

"သခင်ကြီး ကျွန်တော် ညစာပြင်ထားလိုက်ရမလား?"

"မလိုတော့ဘူး။ ကျွန်တော် စားနှင့်ပြီးပြီ။ "

ညသန်းခေါင်တောင် ရောက်နေပြီဖြစ်၍ သခင်ကြီး စားပြီးပြီ ဆိုသည်မှာ အံ့ဩစရာမရှိပေ။သို့သော် TV အရှေ့၌ နှစ်နာရီနီးပါး ထိုင်စောင့်နေခဲ့သော သခင်လေး​၏ပုံရိပ်အား ပြန်တွေးမိသောအခါ အိမ်တော်ထိန်းဟွမ် တိတ်တိတ်လေး ရေရွတ်ရင်း သက်ပြင်းချမိသည်။

"ဟူး .. သခင်လေး အရင်စားထားနှင့်လို့ တော်ပါသေးတယ်။ "

လှေကားပေါ်တက်ရန် ပြင်နေသည့် ရှောင်းကျန့်​၏ ခြေလှမ်းများက တုံ့ကနဲ ရပ်တန့်သွားခဲ့သည်။ရှောင်း Group ​၏ CEO မဖြစ်ခင်က ဂိုဏ်းတစ်ခု၌ လျှို့ဝှက်အေးဂျင့် လုပ်ဖူးတာကြောင့် သူ့အာရုံငါးပါးက သာမန်လူတွေထက် အလွန်ထူးကဲနေ​၏။ထို့ကြောင့် အိမ်တော်ထိန်းဟွမ် ညည်းလိုက်သည့် စကားများအား သူ ရှင်းရှင်းလင်းလင်းကြီးကို ကြားလိုက်သည်။

REBIRTH OF A LAZY YOUNG MASTER [ ZHANYI ]Where stories live. Discover now