Chapter 3 : Please trust me

2K 220 7
                                    

[ UNICODE ]

Chapter 3 : Please trust me

နေ့လယ်ခင်းနားချိန်၌ ရှောင်းကျန့်တစ်ယောက် စံအိမ်တော်သို့ တိုက်ရိုက်မောင်းလာခဲ့သည်။မစစ်ရသေးသော စာရင်းအပုံကြီးကိုတော့ လက်ထောက်ဟန်အား လွှဲထားခဲ့သည်။ထို့အပြင် ကောင်လေး၏ အခြေအနေကို စောင့်ကြည့်ချင်၍လည်း ပါသည်။တအောင့်ကြာလျှင် ​ကုမ္ပဏီသို့ ပြန်သွားရမည်ဖြစ်တာကြောင့် ဂိုဒေါင်တွင် ထိုးမနေတော့ဘဲ အိမ်တော်အရှေ့၌သာ ရပ်လိုက်သည်။

ခြံဝန်းထဲသို့ BMW Luxury ကားလေး ဝင်လာသည်ကို မြင်လိုက်သည်နှင့် အိမ်တော်ထိန်းဟွမ်သည် အိမ်တော်ထဲမှ ပျာပျာသလဲ ထွက်လာသည်။သခင်ကြီး နေ့လယ်နေ့ခင်း အိမ်သို့ပြန်လာသည်မှာ အတော်လေးရှားသည်။ထို့ကြောင့် အရေးကြီးကိစ္စတစ်ခုခုဖြစ်နေပြီဟု ထင်သွားတာကြောင့် အိမ်တော်ထိန်းဟွမ် စိုးရိမ်တကြီး မေးလိုက်သည်။

"သခင်ကြီး တစ်ခုခုများ ဖြစ်လို့လားဗျ?"

"ဘာမှမဖြစ်ပါဘူး။ ကျွန်တော် နေ့လယ်စာစားဖို့ အိမ်ပြန်လာတာ။ "

သခင်ကြီး​၏ 'ငါ အိမ်ပြန်လာတာ အဲ့လောက် ထူးဆန်းနေသလား' ဟူသည့် လေသံတို့ကြောင့် အိမ်တော်ထိန်းဟွမ်ခမျာ အနည်းငယ် ကြောင်သွားသည်။

သခင်ကြီးက ဘယ်တုန်းကများ နေ့လယ်စာလေး စားဖို့အတွက်နဲ့ အိမ်ပြန်လာဖူးလို့လဲ?

"ဒါဆို ကျွန်တော် နေ့လယ်စာ ပြင်ထားနှင့်ပါမယ်။ သခင်လေးလည်း မစားရသေးတာမို့ နှစ်ယောက်စာ ပြင်ထားလိုက်ပါ့မယ်။ "

ရှောင်းကျန့်လည်း အိမ်တော်ထိန်းဟွမ်ကို ခေါင်းငြိမ့်ပြလိုက်ပြီး လှေကားပေါ်သို့ တက်လိုက်သည်။သို့သော် သူ့ခြေလှမ်းများ​က ဒုတိယမြောက် လှေကားအထစ်သို့ မရောက်မီ အနောက်သို့ ပြန်လှည့်လာ​၏။

"ထမင်းစားပွဲပေါ်မှာ အစပ်ဟင်း တစ်ခုတလေမှ မမြင်ချင်ဘူး ဦးလေးဟွမ်။ "

"ကောင်းပါပြီ၊ သခင်ကြီး။ "

အားလုံးမှာကြားပြီးသွားမှ အခန်းဆီသို့ ခြေလှမ်းကျဲကြီးတွေနှင့် လမ်းလျှောက်သွားလေသည်။အခန်းတံခါးဖွင့်ဖွင့်ခြင်း လူမရှိသော အခန်းလွတ်ကို မြင်လိုက်ရသဖြင့် မျက်မှောင်ကြုတ်လိုက်မိသည်။ရေချိုးခန်းထဲမှ ရေကျသံများကြောင့် ချက်ချင်းပင် သူ့နဖူးကြောများက ပြေလျော့သွားပြန်သည်။

REBIRTH OF A LAZY YOUNG MASTER [ ZHANYI ]Where stories live. Discover now