Chapter 2 : Why is he here?

2.1K 226 3
                                    

[ UNICODE ]

Chapter 2 : Why is he here?


သူနိုးလာသောအခါ သူ့ဘေး၌ လူမရှိသော နေရာလွတ်တစ်ခုကို မြင်လိုက်ရ၍ စိတ်သက်သာရာရသွား​၏။ရှောင်းကျန့်နှင့် မျက်နှာချင်းဆိုင်ရလျှင် ဘယ်လိုဆက်ဆံရမလဲ သူ မပြောတတ်ချေ။

မနေ့ညက အိပ်ချင်ယောင်ဆောင်သော်လည်း အနှီလူကြီး ရေချိုးခန်းထဲသို့ ရောက်သွားချိန်တွင် သူအိပ်မောကျသွားခဲ့သည်။မနေ့ညက အတော်လေး အိပ်လို့ကောင်းသည်။သူ ဒီလိုစိတ်ချလက်ချမအိပ်ရသည်မှာ ကြာပြီဖြစ်တာကြောင့် ယနေ့၌မူ အိပ်ရေးဝကာ တက်ကြွနေ​၏။

မျက်နှာမသစ်ဘဲ အကြာကြီးနေခြင်းက မကောင်းသဖြင့် အိပ်ရာမှထကာ မျက်နှာသစ်လိုက်သည်။မနက်စာစားရန် အောက်ဆင်းလာချိန်တွင် အောက်ထပ်၌ ဘယ်သူမှရှိမနေ။ရှောင်းကျန့်မရှိလျှင် သူ့အတွက် တော်တော်လေး အဆင်ပြေသည်မို့ ဟိုလူကြီးကိုတော့ စိတ်ထဲတောင်မထည့်မိ။အိမ်တော်ထိန်းဟွမ်ကို ရှာမတွေ့တာကြောင့် ရိပေါ် ဆက်ရှာမနေတော့ဘဲ ထမင်းစားပွဲတွင် ဝင်ထိုင်လိုက်သည်။

ထမင်းစားပွဲပေါ်တွင် သူကြိုက်သည့် မုန့်မျိုးစုံကို ပြင်ဆင်ထားလေသည်။များပြားလှသော မုန့်များကြောင့် ရိပေါ် အံ့ဩသွားသည်။ဒါတွေအကုန်လုံးက သူ့အကြိုက်တွေချည်းဖြစ်​၏။ထွေထွေထူးထူး မစဉ်းစားတော့ဘဲ ကိတ်တစ်ခုကို ပါးစပ်ထဲသို့ ထည့်လိုက်သည်။ချိုမြိန်လှသော ကိတ်အရသာကြောင့် ရိပေါ် ခြောက်ခုလောက် ဆက်တိုက်စားပြီးမှ ဗိုက်ဝသွားတော့သည်။

ဆေးရုံတွင်နေစဉ်က အချိုပါသောမုန့်များကို ရှောင်းကျန့်က စားခွင့်မပေးပေ။အနှီလူကြီးက သူ့ကို အိမ်မှာသာမက ဆေးရုံမှာပါ တအားချုပ်ချယ်သည်။လွတ်လပ်သောဘဝကို နှစ်သက်သော ရိပေါ်အဖို့ ထိုချုပ်ချယ်သော လူကြီးနှင့် ကွာရှင်းချင်သည်မှာ အံ့ဩစရာမရှိပေ။

အစာကြေစေရန် ခြံဝန်းထဲသို့ လမ်းလျှောက်ထွက်ခဲ့သည်။သူတို့ခြံဝန်းကြီးသည် အတော်လေးကျယ်သည်။အိမ်ပေါက်ဝကနေ ကြည့်လိုက်လျှင် ခြံတံခါးကိုတောင် မမြင်ရပေ။အိမ်အရှေ့ဘက်တွင် ဈေးကြီးပြီး ရှားပါးလှသော အလှပန်းပင်များကို စိုက်ပျိုးထားသည်။အိမ်အနောက်ဘက်တွင်မူ ဘတ်စကက်ဘောကွင်းရယ်၊ စကိတ်ကွင်းရယ် ရှိ​လေ၏။ရှောင်းကျန့်က အိမ်တွင်နေရသော သူ့ကို မပျင်းစေရန် စီစဉ်ပေးထားခြင်းဖြစ်သည်။

REBIRTH OF A LAZY YOUNG MASTER [ ZHANYI ]Where stories live. Discover now