-2-

12.1K 1.3K 94
                                    

အဆောင်မှုးနှင်ထုတ်တာတောင် ပေကပ်ပြီးကျောင်းအတောင်မှာအိပ်ပစ်ခဲ့တဲ့ရိပေါ်က စုတ်ဖွာဖွာခေါင်းကိုကုတ်ရင်း ကျောင်းဆောင်ရေချိုးခန်းဆီထွက်လာခဲ့တယ် ။ လေးယောက်ခန်းထဲမှာ ဆယ်ယောက်တောင်တိုးကပ်အိပ်ခဲ့ကြတာမို့ တစ်ကိုယ်လုံးလည်းကိုက်ခဲအီစိမ့်နေပြီ ။

ရေချိုးခန်းရောက်တာနဲ့ ရိပေါ်ကချာခနဲပြန်လှည့်လာတယ် ။ ရွံတတ်လွန်းတဲ့သူ့အတွက် ဒီရေချိုးခန်းဝင်ဖို့ထက် မျက်နှာမသစ်ဘဲ ပြန်လိုက်တာကပိုအဆင်ပြေလိမ့်မည် ။

"ခွေးသားလေးတွေထကြတော့ "

အငယ်ဆုံးဆိုပြီး အကုန်ပတ်ဦးချနေမဲ့အငယ်ဆုံးတော့မဟုတ် ။ စိတ်မကြည်ရင် ရိပေါ်ပါးစပ်ထဲ တစ်ဖွဲ့လုံးဟာခွေးသားလေးများ ။ ထိုတစ်ဖွဲ့လုံးပါးစပ်ထဲမှာတော့ ရိပေါ်က နွားကြီး ။

ကျောင်းစတက်ကာစပေါ့ ။ ရှောင်းကျန့်ကိုမြင်မြင်ချင်းကြိုက်မိသွားတဲ့သူ့ကို နွားသိုးကြိုးပြတ်ဟု ခနဲ့ခဲ့ကြတယ် ။ ပြောရရင် အခုထိပဲ ။

ရှောင်းကျန့်ကျောင်းမလာလို့ မမှိုင်လိုက်မိနဲ့ ။ လေလွင့်နေတဲ့နွားကြီးလို့တာဝန်ကျေကျေ လာပြောမဲ့တစ်ကောင်ကတော့ရှိကိုရှိသည် ။

ရှောင်းကျန့်ကိုတစ်ယောက်ယောက်နဲ့တွေ့လိုက်ကြောင်းသူ့ဆီလှမ်းသတင်းပို့တိုင်းလည်း ဂျိုတပ်ခံရတဲ့နွားဆိုတာဟာမပါမဖြစ် ။

တအင်းအင်းနဲ့နိုးလာတဲ့လူတွေကိုကျော်ခွနင်းပြီး ပိုက်ဆံအိတ်နဲ့ဖုန်းကိုသွားယူလိုက်တယ် ။

"ကျင်း ငါ့ကားသော့ရော "

"မသိဘူးလေကွာ ၊ ပြန်တော့မလို့လား "

"အဆောင်ရေချိုးခန်းကစုတ်ပျက်နေတာ ၊ ငါအိမ်ပြန်မှရမယ် ကားသော့ရှာပေး "

"အခုချိန်ဆို မင်းဟာလေးကျောင်းရောက်နေလောက်ပြီ အဲ့မျက်ခွက်ကြီးနဲ့အပြင်သွားမလို့လား "

ရိပေါ်ကတွေဝေသွားပေမဲ့လည်း သူ့ရုပ်သူယုံကြည်ချက်ရှိတာကြောင့် ခေါင်းညိတ်လိုက်တယ် ။

"ကားသော့သာပေးစမ်းပါ "

"မသိဘူးလို့ဆိုနေ "

-CRUSH-Where stories live. Discover now