-38-

7.2K 896 34
                                    

ရှောင်းကျန့်ပြောင်းရွှေ့လာပြီးဆယ်ရက်မြောက်နေ့မှာတော့ ဖေကြီးကတိုက်ခန်းနားထိလိုအပ်တဲ့စာရွက်စာတမ်းနဲ့ အသုံးအဆောင်တွေလာပေးခဲ့တယ် ။

"သားအဖချင်းပြောရတာလည်းမကောင်းဘူး ၊ ဒါပေမဲ့သားတို့အတူနေပြီဆိုတော့ ဖေကြီးစိတ်အေးချင်တယ် ၊ မေးလို့ရမလား? "

"ဟုတ်ဖေကြီး "

"သူကလူရိုးလေးမှန်းသိပေမဲ့ကွယ် ဆေးစစ်တာတွေလုပ်ပြီးကြပြီလား?  လတ်တလောလိင်တူဆက်ဆံတာတွေလေ့လာကြည့်တော့... သားကဒါတွေပိုလေ့လာနိုင်မှာပါ ၊ ကျန်းမာရေးကိုအလေးပေးစေချင်တယ် "

"အာ သားတို့အဲ့ဒါမလုပ်ကြပါဘူး ၊ သားစိတ်အခြေအနေက ပုံမှန်အတိုင်းမဟုတ်သေးတော့ သူအဲ့ဒါပဲဂရုစိုက်ပေးတယ် ၊ ဖေကြီးစိတ်ချလို့ရပါတယ် ၊ သူရောသားရော ဘယ်သူနဲ့မှမဖြစ်ဖူးဘူး ...ဆေးလည်းစစ်လိုက်ပါ့မယ် "

"မိန်းမယူတာဆိုဖေကြီးမပြောပါဘူး ၊ စိတ်တော့ပူတယ် ၊ လူငယ်တွေဆိုတော့ "

"ကဲပါ စိုးရိမ်မလွန်နေနဲ့နော် ၊ ဂရုတစိုက်ကာကွယ်ပါ့မယ်လို့ "

အဖေဖြစ်သူက သက်ပြင်းမောချပြီးထွက်သွားတဲ့အခါသူပြုံးပြုံးလေးလက်ပြလိုက်တယ် ။ နွေးထွေးလိုက်တာ ။

. . .

ရိပေါ်အတွက်ဒီကာလမှာပိတ်ရက်ရယ်လို့မရှိပေမဲ့ပေါင်ပေ့နားရက်ရတာကြောင့် အသာမျှော်တဲ့ကျီးကန်းလို ခိုးကြောင်ခိုးဝှက်ခွင့်ယူလိုက်တယ် ။

အတူပူးကပ်နေလေ အဆင့်ကျော်နိုင်ဖို့နီးကပ်လေပဲမလား ။ ရှောင်းကျန့်ကတော့ ဘောင်းဘီအောက်ကခပ်ထွားထွားအရာကို မျက်လုံးရိုးသွားသလိုစိတ်မဝင်စားဘဲ ဘောင်းဘီကြိုးကိုသာဆော့နေတယ် ။ ရှောင်းကျန့်ကဘာဝင်စားမှန်းမသိပေမဲ့အတူနေတဲ့ ရက်အနည်းငယ်အတွင်းရိပေါ်ဘောင်းဘီခါးကြိုးတွေအကုန်ဖွာလန်ကြဲလို့နေပြီ ။ ဘောင်းဘီကြိုးမြင်တာနဲ့လိမ်ပတ်ဆော့ရင်းကိုက်တတ်တဲ့ပေါင်ပေ့ပါပဲ ။

အခုလည်း TV ကိုမျက်စိမခွာဘဲ ဘောင်းဘီကြိုးကိုလှမ်းဆော့နေတာဖြစ်တယ် ။ သူအကောင်း
ကြည့်နေပေမဲ့ ကြည့်နေရင်းကောင်းချင်စိတ်ပျောက်လာတာကြောင့် ဆော့လွန်းတဲ့လက်ကိုဘောင်ထဲထိုးထည့်ပေးလိုက်တယ် ။ ရှောင်းကျန့်ကတစ်ချက်လှည့်ကြည့်ပြီး သူ့ယောကျာ်းအသားချောင်းကိုဆွဲညှစ်လိုက်တယ် ။

-CRUSH-Where stories live. Discover now