-47-

7.9K 834 14
                                    

" ပေါတောတောနဲ့  ​ကြီးလေပေါလေ "

"ပေါတော့မင်းလုပ်စာထိုင်စားနေလား မင်းစောက်ပူပါလား?  ဘယ်နှပြားသားပေးကမ်းထားလို့လဲ? "

"ဒါလေးပြောတာကိုကွာ လင်ရပြီးသေအောင်စွာလာလိုက်တာ "

အကြာကြီးခွဲခွာသွားရတော့မဲ့ရှန့်ကျန်းနှုတ်ဆက်ချိန်မရအောင်ကို ရိပေါ်က လော့လော့ဝမ်းကွဲနဲ့
ရန်သတ်နေတယ် ။ အရင်လို ဘော်ဒါဘော်ဂျွတ်အကန့်နဲ့ ဘယ်လိုဆဲဆဲမနာတတ်ခဲ့ကြပေမဲ့ အပြင်လူက ဝေဖန်လေကန်လာရင် စောက်ရေးမပါဘူးဟုသူထင်သည် ။ သူဘာလုပ်နေလဲသူသိတယ် ။ သူ့ဘော်ဒါတွေက ဆဲရင်သာဆဲမည် တကယ်ဆိုကိုယ့်အပေါ်ကောင်းတဲ့သူချည်း ။ ယောကျာ်းလေးဘော်ဒါခြင်းချစ်ခင်ကြင်နာပြရမှာရွံတတ်ကြတဲ့လူတွေချည်းမို့သာအဆဲစကွက်ဖြစ်နေတာ ။ အပြင်လူက အာချောင်ရင်တော့သူထိုနှုတ်သီးကိုဖြတ်ရိုက်လိုက်ဖို့ ဝန်မလေးပေ ။ လူအမြင်ကောင်းဖို့စော်ကားသမျှယဥ်ယဥ်ကျေးကျေးတုံ့ပြန်မည့်ထဲသူမပါ ။

ဘော်ဒါတွေဆဲဆဲ ၊ မိဘကဆူဆူ ၊ ရှောင်းကျန့်ကရိုက်ရိုက် အရေးပါတဲ့သူတွေမို့သူနားလည်မှုထားရှိနေပေမဲ့ လူတိုင်းကစော်ကားခွင့်ရှိတဲ့ကောင်မဟုတ်ဘူးဆိုတာပြဖို့သူရဲဘောမကြောင် ။

"မင်းနဲ့ငါမသိဘူး ၊ သိသလိုတွေပြောမနေနဲ့ "

"ဟ ဝမ်းကွဲအစ်ကို မင်းဘော်ဒါကဘာဖြစ်တာလဲ"

"ငါ့ဘော်ဒါကဘာဖြစ်ရမှာလဲ သူကမင်းထက်အကြီးလေ ၊ တစ်ခါလေးတွေ့ဖူးတာကို အဲ့လောက်ရိုင်းစရာလား? "

"အစ်ကို့ဘော်ဒါမို့လေဗျာ ၊ ဘာပဲဖြစ်ဖြစ်သူက
ပုံမှန်မှမဟုတ်တာ ကျွန်တော်ရှောင်မနေတာပဲ သူကျေးဇူးတင်သင့်တယ် ၊ အဲ့ဒါမို့စောက်ခြောက်တွေကြည့်မရတာ "

"ခွေးမျိုးမင်းဘာစောက်စကားပြောတာလဲ "

ရိပေါ်ရဲ့အသံသြသြက တုန်လှုပ်ဖွယ်ကောင်းတာကြောင့်လေဆိပ်ရဲတွေကပါ လှည့်ကြည့်လာကြတယ် ။ ရှန့်ကျန်းကအထုပ်ချလို့ဝင်ဆွဲထားရင် 
ရိပေါ်ကိုအသာချော့တယ် ။ အုပ်လိုက်ကြီးရိပေါ်ကိုဝိုင်းဆွဲထားတာတောင် ဟန်ချက်မညှိနိုင် ။

-CRUSH-Where stories live. Discover now