-4-

9.8K 1.2K 87
                                    

အဲ့တုန်းက Fresher နှစ်ပေါ့ ။ ကျောင်းသား ကြိုဆိုပွဲကို ရိပေါ်တို့အုပ်လိုက်သွားရောက် ပျော်ပါးဖြစ်ကြတယ် ။ ကြိုဆိုပွဲနေ့မှာပဲရှောင်းကျန့်ကိုသူစသတိထားမိခဲ့တာ ။ အလန်းလေးတွေရွေးဖို့လက်ညှိုးပေါင်းစုံထိုးနေတဲ့သူ့ဘော်ဒါတွေကတော့သူ့ကိုနောက်နေတယ်ထင်ကြတယ် ။

ရှောင်းကျန့်ကဖလံထည်ကွက်မှိုင်းမှိုင်းလေးဝတ်ထားပြီး ဂျောင်လေးထဲကပ်နေခဲ့တယ် ။
ထူးထူးခြားခြားမရှိပါဘူးကွာဆိုတဲ့ ဘော်ဒါတွေရဲ့ဝေဖန်စကားတွေကြား ရှောင်းကျန့်က ဆက်
ကြည့်လေအကြည့်ခံလေ ၊ သူ့နှလုံးသားထဲဝင်ရောက်လာလေ ။

နောက်တော့သူတို့တစ်နှစ်ထဲဆိုတာသိလိုက်ရတယ် ။ ရှောင်းကျန့်က အဆင့်မြင့်ပန်းချီသင်ယူပြီး  သူကတော့ လျှပ်စစ်နှင့်စက်ပစ္စည်းပိုင်းဆိုင်ရာအင်ဂျင်နီယာတန်းက ။ ရှောင်းကျန့်ရှိရာပြောင်းလာချင်ပေမဲ့လည်း အနုပညာဆိုတာသူနဲ့ကတောက်ကဆ ။

အဖေက သူ့ဘဝကိုစွက်ဖက်လေ့မရှိပေမဲ့ Tsinghua ကိုမဝင်ခင် ရွေးချယ်မှုနှစ်ခုသာပေးတယ် ။ စက်ပစ္စည်းပိုင်းနဲ့ဆောက်လုပ်ရေးပိုင်းပေါ့  ။ အင်ဂျင်နီယာကိုပန်းရံဆရာလို့သာမြင်ခဲ့တဲ့သူ့အတွက်တော့အတော်လေးခက်ခဲသည် ။ အင်ဂျင်နီယာတန်းတွေက အများကြီးရှိနေတာ ။

အိမ်ယာဘက်တော့သူဝါသနာမပါတာကြောင့်ဒီလိုင်းကိုရောက်လာခဲ့ရသည် ။ အတန်းပို
အဖွဲ့အစည်းစီမံကိန်းရွေးချယ်ရတော့မှသူ့မှာမျှော်လင့်ချက်ပြန်ရှိလာတယ် ။ ရှောင်းကျန့်က သဘာဝပတ်ဝန်းကျင်ကျောင်းကိုရွေးချယ်ခဲ့တယ် ။ ရှောင်းကျန့်ကိုတွေ့ချင်ရုံလိုက်တက်ခဲ့ပေမဲ့ထိုဘာသာရပ်တွေကိုသူစိတ်မဝင်စား ။ နှစ်နှစ်လုံး အတန်းချိန်အစမှာ ရှောင်းကျန့်မျက်နှာလေးကြည့်ပြီး ပြန်ထွက်ခဲ့တာမျိုးလည်းရှိတယ် ။

ဒီလိုနဲ့ အတန်းထဲ ဆရာတွေမြေဖြူနဲ့ပေါက်ချင်စရာကျောင်းသားဖြစ်လာတယ်ဆိုပါတော့ ။ ခြောက်ယောက်သာရှိခဲ့တဲ့စကွက်က ရှောင်းကျန့်ကိုလိုက်နေတဲ့ရိပေါ်ရဲ့ကောင်းမှုနဲ့ဆယ်ယောက်ဖြစ်လာတယ် ။ စကွက်ထဲ ခြောက်ယောက်ကလိုင်းတူတဲ့ငယ်ပေါင်းတွေဖြစ်ပြီး လေးယောက်ကတော့ရှောင်းကျန့်တို့အတန်းက အနုပညာသမားတွေ။ ဒါပေမဲ့သူတို့အကုန်အဆင်ပြေကြပါတယ် ။

-CRUSH-Where stories live. Discover now