-12-

9.3K 1.1K 43
                                    

သည်လိုနဲ့အချိန်လဝက်ကြာသွားတယ် ။ ရှောင်းကျန့်နားကနေ သူစိတ်မဝင်စားတဲ့ဆုံးမစကားတွေကြားရတာများပေမဲ့ ဒီဘက်နားကဝင်ဟိုဘက်နားကထုတ်ပြီး ပွစိပွစိလုပ်တာလေးထိုင်ငေးနေရတာလည်းကောင်းတာပဲ ။ ရှောင်းကျန့်က သူ့စကွက်မပါရင်ထမင်းလည်းအတူစားပေးတာမို့ ဘော်ဒါအကုန်လုံးကို အတန်းပိုအချိန်မှာလစ်ခိုင်းထားတာကြာပြီ ။

ရင်ခုန်စရာအချိန်လေးတွေကြောင့် ကြောက်စရာကောင်းခဲ့တဲ့ကျောင်းကတောင် လှလာသလိုလို ။ သစ်ပင်တန်းတွေအောက်အတူလျှောက်ရင်းသူ့ခေါင်းပေါ်တင်သမျှသစ်ရွက်လေးတွေဖယ်ပေးရတာမျိုး ၊ ကန်တင်းရောက်လို့ ရှောင်းကျန့်ထိုင်မဲ့ခုံမှာပေနေရင် သူတကူးတကသန့်ရှင်းပေးတာမျိုး ၊ အနောက်ကနေမငေးတော့ဘဲ ဘေးမှာကပ်ထိုင်ရင်း ခုံအကျယ်ကြီးမှာ ပခုံးချင်းပွတ်မိနေတဲ့ထိတွေ့မှုမျိုး၊ ရှောင်းကျန့်အင်္ကျီရေစိုသွားတော့သူ့အားကစားဝတ်စုံငှားပေးတာမျိုး ၊ ဘောင်းဘီသားအပျော့ကြောင့်မလုံမခြုံဖြစ်နေရင်သူနောက်ကကွယ်ပေးထားတာမျိုး ၊ ဖိနပ်ကြိုးပြေရင်သူကူညီစည်းပေးတာမျိုး ၊ရှောင်းကျန့် လွယ်အိတ်လေးနေတဲ့ရက်ဆို ကူသယ်ပေးတာမျိုး ၊ အကြောတွေချောင်ပြီးချိနေတတ်တဲ့ကောင်လေးကိုနှိပ်နယ်ပေးတာမျိုး ၊ ခေါင်းလျှော်ဖို့မေ့လာပြီး မနေတတ်ဘူးပြောရင်သူ့ကားပေါ်တင်ပြီး Salon တစ်ခုမှာ ခေါင်းလျှော်ဖို့ခေါ်သွားပေးတာမျိုး ၊ စျေးဝယ်အတူထွက်ကြတာမျိုး ။

လဝက်အတွင်းသူ့မှတ်ဉာဏ်ထဲမှာ စိတ်ကူးတောင်မယဥ်ရဲတဲ့အတူသွားအတူလာတာတွေအများကြီးလုပ်ခွင့်ရခဲ့တယ် ။ ဒါတွေအကုန်လုံးလက်တွေ့ဘဝမှာ အမှန်ဖြစ်လာတာ ။ သူနဲ့အတူရှောင်းကျန့်လည်းပြောင်းလဲလာတယ် ။ ပုံမကျပန်းမကျ ဖြစ်သလိုဆံပင်ကေကနေ
အတွန့်လေးတွေနဲ့ဆံပင်အုပ်အုပ်ရှိလာတယ် ။ အဝတ်အစားလေးတွေကလူငယ်ဆန်လာတယ် ။ Milo နံ့လေးစွဲနေရာကနေ ရေမွှေးလေး
ဆွတ်တတ်လာတယ် ။

စတော်ဘယ်ရီကိုသဘောတကျစားနေရာကနေ ရှောင်းကျန့်ကလှစ်ခနဲသူ့ဆီကြည့်လာတယ် ။

"ကျွန်တော့်ကိုကြည့်ရင်ဗိုက်ပြည့်လို့လား "

"ဟင့်အင်း ဗိုက်ပြည့်အောင်စားဖို့ထက် မင်းကိုကြည့်နေရတာပိုပျော်တယ် "

-CRUSH-Where stories live. Discover now