-15-

8.9K 1.1K 188
                                    

သူတို့ညစာစားပြီးတော့ မြစ်ကမ်းဘေးနားမှာ ဝိုင်တစ်ခွက်ဆီနဲ့ အနားယူလိုက်တယ် ။ ရှောင်းကျန့်ကဘီယာနံ့မခံနိုင်ပေမဲ့ ဝိုင်အတော်များများသဘောကျပါသတဲ့လေ ။ ဝိုင်ကုန်တော့သူတို့လမ်းလျှောက်ကြတယ် ။

မီးပန်းလေးတွေဖောက်လို့ရတဲ့နေရာမှာမီးပန်းဖောက်ခိုင်းတော့ ကြယ်မီးပန်းလေးကိုင်ရင်း မြစ်ကမ်းတစ်လျှောက် ဝှစ်ခနဲဝှစ်ခနဲပြေးသွားတယ် ။ သန်မာတဲ့ယောကျာ်းသားလေးမို့ချော်လဲမှာတော့သူမပူမိပါ ။

"ပြန်ရအောင်လေ "

"မပြန်ချင်သေးဘူး "

"အဟက် ... အိမ်မပြန်ရဲတော့ရင်ကိုယ်နောက်လိုက်ခဲ့လို့ရတယ်နော် "

"မပြန်ချင်သေးဘူးပြောတာလေ ၊ လူစကားတောင်နားမလည်ဘူးလား "

"​ကိုယ်ကခွေးထီးကြီးလေ ၊ သိလား ဖိုက်တာဘောက်ဆာခွေး...အာ့ "

ကျဥ်ခနဲပူတက်သွားတဲ့ငယ်ထိပ်ကိုအုပ်ရင်းမယုံနိုင်သလိုကြည့်လိုက်တယ် ။ ရှောင်းကျန့်သူလက်ကိုသူငုံ့ကြည့်ရင်း အနေရခက်သွားပါရဲ့ ။

"ရှောင်းကျန့်လေး ကိုယ့်ကိုဘာလို့ခေါက်တာလဲ"

"ခွေး ခွေးထီးကြီးလို့ပြောရင် အရမ်းမုန်းပါတယ်ဆို "

"ဘာလို့လဲကွာ ၊ အား သွေးထွက်သွားပြီလားတောင်မသိဘူး "

ရှောင်းကျန့်ကစိုးရိမ်စွာကပ်လာပြီးလက်နဲ့အသာပွတ်ပေးတယ် ။

"တောင်းပန်ပါတယ် "

"ကိုယ်သိချင်နေတာ ၊ ခွေးထီးကြီးကိုဘာလို့အရမ်းမုန်းတာလဲ ၊ ကိုယ်ဆိုကိုယ့်ကိုကိုယ်ရော ဘော်ဒါတွေရောခွေးလို့စနေကျပဲ "

"ကိုယ့်ကိုကိုယ်ခွေးနဲ့နှိုင်းတာမကောင်းဘူးလေ..တကယ်တော့ကျွန်တော့်မှာ ကီတီတီဆိုတဲ့ခွေးမလေးတစ်ကောင်မွေးဖူးတယ် သေတာကြာပါပြီ ၊ ကျွန်တော်အရမ်းချစ်တာ "

"ကိုယ်လေ ကစ်တီဝင်စားတာ "

"ကီတီတီပါဆို "

"ဘာနံမည်ကြီးလဲ "

"မပြောတော့ဘူး "

"ဆက်ပြောပါ ၊ ကိုယ်မရှုပ်တော့ဘူး "

-CRUSH-Where stories live. Discover now