-33-

8.2K 1K 31
                                    

သူ့မွေးနေ့အတွက်သတိတရစီစဥ်ပေးဖို့ရောက်လာတဲ့မိဘတွေနဲ့ဘော်ဒါတစ်အုပ်ကို အကြိုနေ့မှာပဲကျွေးမွေးပြီး ပထုတ်နေရတယ်  ။

ကြက်ဥစိမ်းကိုအားတိုင်းဖောက်သောက်နေမိတာလည်း ကြက်ခြံနံ့ကြီးသင်းနေလောက်ပြီ ။ သူပင်ပန်းစွာနဲ့အိပ်မောကျသွားတော့ ဖုန်းသံဆူဆူကြောင့် လန့်နိုးလာခဲ့တယ် ။

"ပေါင်ပေ့?  ညကြီးဘာလို့လဲ "

နာရီကိုမှုံဝါးဝါးကြည့်မိတော့ 11 နာရီ 55 မိနစ် ။

"အောက်ဆင်းခဲ့ "

"အခုရောက်.. "

တိခနဲကျသွားတဲ့ဖုန်းကိုကြည့်ပြီးတာနဲ့သူအားချင်းပြေးရတော့သည် ။ အောက်ရောက်တဲ့အခါ ရှောင်းကျန့်ကို ရှာမတွေ့ ။ ဖုန်းကတော့
ပြန်မြည်လာခဲ့သည် ။

"တစ် နှစ် သုံး လေး ငါး ပျော်ရွှင်စရာမွေးနေ့ပါ "

အမှောင်ထဲကခုန်ထွက်လာရင်း သူ့ပေါ်ခုန်တက်လာတဲ့ ချစ်ခြင်းအစိုင်အခဲလေး ။

"ပေါင်ပေ့ "

"ပျော်စရာမွေးနေ့ပါ "

"တစ်ယောက်ထဲလာခဲ့တာလား ကိုယ့်ပေါင်ပေ့လေးအေးနေပြီ "

လက်တွေကို အာငွေ့နဲ့အသာမှုတ်ပေးရင်း
တိုက်ခန်းထဲချီခေါ်လာတဲ့အထိပေါင်ပေ့ကသူ့ကိုဖက်တွယ်ထားတာမလွှတ် ။ အိပ်ခန်းထဲရောက်လို့အသာကြည့်မှကောင်လေးမျက်ဝန်းတွေရဲလို့
မို့အစ်နေခဲ့တာ ။

"ပေါင်ပေ့ ငိုထားတာလား "

"ဘယ်လိုလုပ်မလဲ မနက်ဖြန်ကိတ်မုန့်လက်ဆောင်ပေးချင်တာကိုမပေးရတော့ဘူးထင်တယ် "

"ဘာတွေဖြစ်လာတာလဲ "

"မေကြီးရုတ်တရတ်ပြန်ရောက်လာပြီး ကိုက်ထားတဲ့ အမှတ်တွေတွေ့သွားတယ် ပြီးတော့ဖုန်းကိုစစ်တာ "

ရိပေါ်ရင်ထဲပူသွားပြီးရှောင်းကျန့်ကိုခပ်တင်းတင်းဖက်ထားပေးလိုက်တယ် ။

"ဖုန်းထဲမှာ ကျွန်တော်တို့ပြောထားတဲ့စာတွေပုံတွေတွေ့သွားတယ် "

"ပေါင်ပေ့ကိုဘာလုပ်လိုက်သေးလဲ "

"ရိပေါ် ကျွန်တော်သိပ်ခံပြင်းတယ် "

-CRUSH-Where stories live. Discover now