-37-

8.6K 1K 46
                                    

အလုပ်ဝင်စအချိန်တွေမှာ တစ်ရက်တာတိုင်းကခက်ခဲကြမ်းတမ်းပေမဲ့နေသားကျလာတာနဲ့အမျှရိပေါ်အဆင်ပြေလာတယ် ။ သူကဒီလိုလူမျိုးပင် ။ ဘာကိုမျှစိတ်မဝင်စားသလို လုပ်ကိုလုပ်ရမည့်အချိန်ရောက်လျှင်လည်းစွဲလန်းရူးသွပ်ရတဲ့အရာလို စိတ်နှစ်နိုင်သည် ။

ပေါင်ပေ့ကိုလိုက်တုန်းကလည်း အောက်ကျခံရတာ ၊ အပင်ပန်းခံရတာ၊အရှက်မဲ့ရတာ စတာတွေကသူနဲ့အတော်လေးဆန့်ကျင်တဲ့အရာတွေပဲဖြစ်တယ် ။ ဒီလိုလိုက်မှရမယ်လို့ သိပြီးတော့လည်း သူတကယ်ပဲအရှက်မရှိတဲ့ နွားသိုးကြီးဖြစ်လာခဲ့တယ် ။

ဒယ်ဒီကဘယ်လိုအမြင့်မှာပဲရောက်နေပါစေ အောက်ခြေကျေညက်တဲ့အမျိုးသားပီပီ
မကြာခင်မိတ်ဆက်မဲ့ဖုန်းအသစ်အတွက်တာဝန်ကျတဲ့အဖွဲ့တွေဆီအသေးစိတ်လာရောက်ဦးဆောင်ပေးတယ် ။ ရိပေါ်ကတော့ ဒီကဖုန်းထွက်တိုင်းတစ်ခါမှမသုံးဖြစ်ခဲ့ပါ ။ ရွာနွားဟာရွာမြက်မစားသလိုပေါ့ ။

ဒယ်ဒီကနံမည်ကြီးကွန်ယက်ချိုးဖောက်သူတွေပင် သတိထားလေးစားရတဲ့ ကျွမ်းကျင်နည်းပညာရှင်ဖြစ်တယ် ။ ဒယ်ဒီငယ်ငယ်တုန်းက နည်းပညာခေတ်ဟာအရှိန်ယူစ ။ နောက်ပိုင်းမှာတော့ ကွန်ယက်ချိုးဖောက်သူတွေရဲ့ ကွန်ပျူတာကိုပြန်လည်ချိုးဖောက်ပြီး အဆင့်မြင့်လုံခြုံရေးပရိုဂရမ်တွေတည်ဆောက်နိုင်သူအဖြစ်နံမည်ကြီးလာခဲ့တယ် ။ ဒယ်ဒီကချမ်းသာတဲ့မိသားစုရဲ့ဒုတိယမျိုးတက်မဟုတ်ခဲ့ဘဲ ကိုယ်တိုင်လမ်းဖောက်ခဲ့တဲ့ ထူးချွန်သူပင် ။

ရိပေါ် code တွေရေးနေတာကိုရပ်ပြီး
ဖုန်းမျက်နှာပြင်ဖွင့်ကာ ပေါင်ပေါင်းမျက်နှာလေးကိုအလွမ်းပြေကြည့်လိုက်တယ် ။

ဒယ်ဒီက အဖွဲ့ထဲပါတဲ့နည်းပညာရှင်တွေနဲ့ဆွေးနွေးပြီးတဲ့အခါသူ့ဆီရောက်လာပြီးပခုံးအသာပုတ်တယ် ။

"ဒယ်ဒီဘဏ္ဍာရေးအစည်းအဝေးတက်ရဦးမယ် ၊ မင်းလေ့လာချင်သေးလား "

"ကျွန်တော်အလုပ်ဝင်တာတစ်ပါတ်ပဲရှိသေးတယ် ၊ ဒါကမသင့်တော်ဘူးလားလို့ "

"ပြဿနာမရှိပါဘူး ၊ ပီယာနိုတီးချင်တဲ့သူက Note တစ်လုံးလောက်စောသိထားလို့အကျိုးမယုတ်ပါဘူး "

-CRUSH-Where stories live. Discover now