-17-

8K 1K 68
                                    

"အချစ်နဲ့တွေ့ရင် အကုန်ကလေးလေးဖြစ်
သွားတတ်ကြတာပဲလေ ချွဲတာမျိုးတော့ရှိမှာပေါ့ ၊ စကားမစပ် ကိုယ့်ကိုချစ်လား?  "

"မချစ်ဘူး "

"ကိုယ်ကတော့ချစ်တယ် "

"ဟုတ် "

"ဘောင်းဘီဝတ်ထားလား "

"အင်း "

"အတိုလား အရှည်လား "

"ဘာလုပ်ဖို့လဲ "

"မင်းဘာလုပ်နေတာလဲ "

"nightcream လူးနေတာ "

"မပြီးတော့ဘူးလား အဲ့မျက်နှာကြီးလည်းပြဲထွက်သွားဦးမယ် "

"ငပျင်းတွေပဲမလုပ်တာ ဒါလောက်ကမထူးဆန်းဘူး "

"ကိုယ့်ကိုငပျင်းလို့ပြောတာလား ? ကိုယ်က အပြစ်ပြောတာမဟုတ်ဘူး ၊ မင်း skincare တာက ဂျပန်ပါးရိုက်နည်းတွေနဲ့တဖြန်းဖြန်းချနေတာ ၊ မှန်ထဲကြည့်ဦး ပါးနှစ်ဖက်ရဲနေပြီ "

"အဲ့ဒါသွေးလည်ပတ်မှုကောင်းတာလေ "

"ဟ "

"မဟနဲ့တော့ မအိပ်သေးဘူးလား "

"အိပ်လို့မရသေးဘူး Project ရေးပေးရဦးမယ် "

"အော ကျောင်းစာတွေအဆင်ပြေရဲ့လား "

"အောင်မြင်တဲ့လူအများစု ကျောင်းမှာမတော်ကြဘူးလေ ၊ ကျောင်းစာကအဓိကမဟုတ်ပါဘူး "

"အောင်မြင်အောင်လုပ်ရတာထက် အဆတစ်ရာလွယ်တဲ့ကျောင်းစာတောင်ပျင်းနေရင်တော့ အောင်မြင်တဲ့သူဖြစ်လာဖို့ခက်တယ်လေ "

"ကိုယ်ကျောင်းမှာစံပြကျောင်းသားဖြစ်လာရင် တစ်ခုခုဆုချမလား  အဖြေပေးတာဖြစ်ဖြစ် ၊ အနမ်းလေးဖြစ်ဖြစ်ကွာ ဘာမဆိုရတယ် ပေးမှာလား? "

"မပေးဘူး "

"..."

"ပျင်းစရာကောင်းလိုက်တာ မင်းအကြည်မစိုက်တတ်ဘူးလား "

"အင်း ၊ ပျင်းရင် ဖုန်းချပြီးအိပ်တော့ ဘိုင့်ဘိုင် "

"ဟေး ဟေး နေပါဦး ၊ စိတ်ဆိုးသွားတာလား "

"မဆိုးပါဘူး အိပ်သင့်နေပြီလေ မိုးပဲပြန်လင်းတော့မယ် "

"မင်းအိပ်တဲ့ပုံလေးမြင်ချင်လို့ ၊ ဖုန်းဖွင့်ထားခဲ့ပြီးအိပ်လို့ရမလား "

-CRUSH-Where stories live. Discover now