-21-

8.1K 1K 90
                                    

"နားမထောင်ချင်ဘူးပြောရင် မင်းကိုယ့်ငယ်ထိပ်ကိုထပ်ခေါက်မှာမလား "

"အသေးအမွှားလေးနဲ့စိတ်မဆိုးပါဘူး ၊ ဘာလို့
အမြဲပြဿနာရှာနေတဲ့သူလိုပြောနေရတာလဲ "

"ပြောပြ "

"နားမထောင်ချင်လည်းရတယ်နော် "

စိတ်မရှည်တဲ့ကောင်အနေနဲ့ အရစ်ရှည်တဲ့တစ်ယောက်ကိုသွားကြိုက်မိရင် အဲ့လိုပြဿနာတွေ
စရှိလာတာပဲ ။

"ဟိုးရှေးရှေးတုန်းက ၊ ကဲ စပြောတော့ "

"မဟုတ်ပါဘူး ဒါကရှေးရှေးတုန်းကနဲ့မစဘူး ၊ တစ်ခါကပေါ့ဗျာ... "

"ဟ တစ်ခါတုန်းကဆိုတာကြာတာလည်းဖြစ်နိုင်တာပဲ ၊ ဟိုးရှေးရှေးတုန်းကနဲ့မစရင် အဲ့ဒါပုံပြင်မဟုတ်ဘူး "

"တစ်ခါတုန်းကပါဆို ဟိုးအဝေးကြီးမရောက်သေးပါဘူး "

"နည်းနည်းပြင်လိုက် ဟိုးရှေးရှေးတုန်းကပါမှကိုယ်အဆင်ပြေမှာ ၊အင်ထရိုစာလုံးကို နည်းနည်း Sensitive ဖြစ်လို့ "

"အမ်... အိုကေ ၊ ထားပါတော့ အဲ့တုန်းကရွာတစ်ရွာရှိတယ် အဲ့ရွာမှာ... "

"ရွာဆိုတော့ပုံဖော်လို့မရဘူး ကိုယ်ကမြို့ကြီးသားလေ၊ အခုက ဘယ်လိုရွာအမျိုးအစားလဲ?  "

ကျောင်းကျန့်ကအံလေးတစ်ချက်တင်းသွားအောင်ကျိတ်ပြီးလေပူမှုတ်ထုတ်လိုက်တယ် ။

"ရှန်ဟိုင်းမှာ သူဌေးကြီးတစ်ယောက်ရှိတယ် "

"ကိုယ့်ဒယ်ဒီပြေးမြင်သွားပြီ "

"ဘာဖြစ်နေတာလဲ ၊ အလျှော့ပေးနေတာကိုရောင့်တက်လာလိုက်တာ "

"ကိုယ်စိတ်ဝင်စားကြောင်းပြတဲ့အနေနဲ့ တစ်ခွန်းဆီဝင်ဆွေးနွေးပေးတာပါမင်းရဲ့... ကဲပါ ပုံပြင်
ဆက်ပြော "

"စကားထပ်မဖြတ်နဲ့နော် "

"အင်း အင်း "

"အဲ့သူဌေးကအရမ်းချမ်းသာပြီး လူတွေရဲ့အလင်းချောင်းကြီးလိုတောက်ပနေတာပေါ့ ၊
လူတွေအားလုံးရိုကျိုးခယတာခံရတယ် ၊ ဒါပေမဲ့ တစ်နေ့ကျသူ့ကိုစိတ်ရှုပ်စေမဲ့အကြောင်း အရာတစ်ခုပေါ်လာရော ၊ သူတို့နားကသူဆင်းရဲတစ်ယောက်ကမာနသိပ်ကြီးပြီး သူဌေးကြီးကိုလုံးဝ
မခယဘူးတဲ့ "

-CRUSH-Where stories live. Discover now