"ဟုတ် "
"အခုဘာလုပ်နေလဲ "
"ကျွန်တော်ဗိုက်နာနေလို့ "
"မိဘတွေရော "
"အာ အခုတစ်ယောက်ထဲ "
ရိပေါ်မတ်ခနဲဖြစ်သွားပြီး ဝတ်ရလွယ်တဲ့ဘောင်းဘီနဲ့တီရှပ်တစ်ထည်ကောက်စွပ်လိုက်တယ် ။
"ခဏစောင့်နေ "
ရှောင်းကျန့်ဖုန်းကျသွားတာကြည့်ရင်း နားမလည်စွာနဲ့ပြန်ခေါ်လိုက်တယ် ။
"ပေါင်ပေ့ခဏနေဦး ကိုယ်ဆရာဝန်ခေါ်မလို့ "
"ဘာလုပ်ဖို့? နေမကောင်းဘူးလား "
"ပေါင်ပေ့ဗိုက်နာတယ်ဆို ၊ ဆရာဝန်ပင့်ပြီးလာခဲ့မယ် "
"မဟုတ်ဘူးရိပေါ်ရဲ့ ၊ ကျွန်တော် ရိပေါ်တိုက်အောက်မှာ ဘယ်အခန်းမှန်းမသိလို့တက်
မလာတာ ၊အဲ့ဒါ အိမ်သာတက်ချင်လာလို့ ""အာ တော်သေးတာပေါ့ ပူထူသွားတာပဲ ၊ အဲ့နေရာလေးမှာပဲနေနော်ကိုယ်လာခေါ်ပေးမယ် ဖုန်းမချလိုက်နဲ့ "
ရှောင်းကျန့်ဖုန်းဆက်ကိုင်ထားပြီးတစ်ဖက်ကအသံကိုနားစွင့်နေမိတယ် ။ ပြေးလာနေတာထင်တယ် ။ ကြားထဲဆဲရေးသံလေးနည်းနည်းကြားရပြီးလိုင်းကပြတ်ချင်သွားသေးတယ် ။ ဓာတ်လှေကားထဲဝင်သွားပုံပဲ ။
သုံးမိနစ်လောက်ကြာပြီးနောက်မှာတော့သူ့မြင်ကွင်းထဲ ကြည့်ကောင်းနေတဲ့ပေါ့ပေါ့ပါးပါး
ရိပေါ်ပုံရိပ်လေးပေါ်လာခဲ့ပြီ ။ အမြဲရှိုးအပြည့်နဲ့တွေ့နေရတော့ ရှုပ်ပွနေတဲ့ပုံစံလေးက တစ်မျိုးလေးပဲ ။"ကျွန်တော်စတိုးဆိုင်ရှေ့နားလေးမှာ ဆင်းခဲ့ပြီနော် "
ရှောင်းကျန့်ကိုလှည့်ပတ်ရှာရင်းအကြည့်ချင်းဆုံသွားတော့ပြေးလာကြိုတယ် ။
"ထွက်ကျတော့မှာလားအောင့်နိုင်သေးလား "
"တိုးတိုးပြောစမ်းပါရှက်စရာကြီး "
"ဘာရှက်စရာရှိလဲ ၊ လာ ကော်ဖီဆိုင်ထဲလိုက်ပို့ပေးမယ် "
"ဟာ သုံးမိနစ်လောက်ပဲကြာတာကို အပေါ်လိုက်မယ် "
"အဲ့ဒါဆိုလည်းလာ "
လွယ်အိတ်နဲ့ထီးကိုသယ်ပေးပြီးတာတောင်
လူအကောင်လိုက်ကျန်တာကို ထပ်သယ်ချင်နေပုံရတယ် ။