-5-

9.1K 1.2K 116
                                    

ရှောင်းကျန့်မျက်မှန်ကိုပင့်တင်ပြီး ခေါင်းပြန်
လှည့်လိုက်တယ် ။ စာကလေးလင်ရသလိုတကျီကျီနဲ့ လိုက်နှောင့်ယှက်နေတဲ့ဒီအတန်းဖော်က ဘယ်လိုဟာမှန်းကိုမသိ ။

ကျောင်းလာပြီး အပေါင်းအသင်းတရုန်းရုန်းနဲ့ ။ မြင်လိုက်ရရင် ဘေးမဲ့လွှတ်ထားတဲ့ မျောက်တွေလိုပဲ ။ မကြိုက်ပါဘူး တဒင်ဒင်ဖြေပေးသည့်တိုင်လူတွေ့ရင်တစ်နေ့တစ်ခါလောက်အဖြေထပ်တောင်းနေတာ ။

"သားအသိလား? "

"ကျောင်းကပါဖေကြီး "

"အော် သူငယ်ချင်းလား "

"ဟင့်အင်း ၊ သားကိုကြိုက်နေတယ်ဆိုပြီးလိုက်ရှုပ်နေတဲ့တစ်ယောက် "

"..."

"ဟာ သွားမကြည့်နဲ့လေ ဖေကြီးကလည်း "

"အဲ့ဒါယောကျာ်းလေးမလား? "

"ဟုတ်တယ်လေ ၊ ဟိုနေ့ကဆိုဖေကြီးရယ် သားပြောပြမယ်သိလား ၊ သားဗျာ သူတို့ပြဿနာတက်နေလို့ စကားအကောင်းဝင်ပြောတာကို ခွေးထီးကြီးနဲ့ညားမှာဆိုပြီးဆဲတယ် ဘယ်လောက်ရိုင်းလဲ?  သားခွေးထီးဆိုတာကိုဘယ်လောက်မုန်းလိုက်လဲ ကျန်တာနဲ့ဆဲရင်တော်သေးတယ် ၊ ဒါပေမဲ့သူက..."

"အေးပါသားရယ် "

"စကားဖြတ်မပြောရဘူးလို့ဖေကြီးပဲသင်ထားပြီး အမြဲတမ်းဖြတ်ပြောနေတော့မှာလား သားစိတ်ခုပါတယ်လို့ နေ့တိုင်းနေ့တိုင်းပြောနေတာကို "

"သားစကားကိုတိုတိုတုတ်တုတ်မပြောနိုင်ဘူးလားကွယ် "

ဒေါက် ဒေါက် ။

ရှောင်းကျန့်တို့စကားပြောနေတုန်းမှန်ခေါက်ခံလိုက်ရတယ် ။ ရှောင်းကျန့်မသိယောင်ဆောင်နေတာကိုဖေကြီးက မှန်ချပေးလိုက်တယ်လေ ။

"ရှောင်းကျန့် ဘယ်လာတာလဲ "

"ကားရေဆေး "

"ကိုယ်သိသားပဲ "

"သိရင်လည်းမမေးနဲ့ပေါ့ "

"ကိုယ့်ကိုအဖြေပေးဦး "

"ကျစ် "

"ကျစ်သပ်တယ် ?  ကိုယ်ဒီတစ်ပါတ်လုံး ရှောင်းကျန့်အလုပ်များနေတယ်ဆိုလို့မရှုပ်ပေးဘဲနေတာကို ၊ အမှတ်လေးတောင်မပေးတော့ဘူးလား "

-CRUSH-Where stories live. Discover now