Unicode
"ခင်ဗျား... မိုက်ရိုင်းလှချည်လား!"
ကိုယ်အပေါ်ပိုင်းဗလာနဲ့ သူ့ဘေးမှာ အိပ်ပျော်နေတဲ့ လူတကာသိကျွမ်းတဲ့ အနုပညာရှင်။
လည်ပင်းက အဆိပ်ရှိတဲ့ အကောင်တစ်ကောင်ကိုက်ခံထားရသလိုမျိုး နေရာစိပ်စိပ်မှာ တဆစ်ဆစ်ခံစားရတယ်။
အိပ်မက်ယောင်ယောင်ဖြစ်တည်နေတဲ့ ပုံရိပ်တွေဟာ အမှန်တကယ်ဖြစ်ကြောင်း မျက်ဝါးထင်ထင် အတွေးထဲမြင်လာရတာနဲ့ ဝမ်ရိပေါ်ရဲ့ စိတ်ထဲ ဒေါသတွေပြိုကျလာရတဲ့အထိပဲ။
ယောက်ျားလေးတစ်ယောက်ရဲ့ မာနနဲ့ ယောက်ျားလေးတစ်ယောက်ရဲ့ အရှက်တရားဟာ ချနင်းခံလိုက်ရတယ်။
ဖြူစင်ကြည်လင်ရပါပြီဆိုတဲ့ ထိုလူက သူ့ကိုဒီလိုလုပ်ရက်ပါရဲ့။
လှိုက်တက်လာတဲ့ ဒေါသနဲ့ အပေါ်ဗလာကျင်းလျက်ရှိတဲ့ ဗိုက်တစ်ဝိုက်ကို ခြေဖဝါးနဲ့ အားပြင်းပြင်းကန်ချတော့ မျက်လုံးတွေ မို့အစ်လို့နိုးလာတယ်။
"ရိပေါ်... "
"မခေါ်နဲ့ ခင်ဗျား!"
"ကိုယ်"
"တောင်းပန်မလို့လား ? လုပ်ချင်တာလုပ်ပြီး တောင်းပန်ရုံနဲ့ပြီးရောလား"
"မဟုတ်ဘူး ရိပေါ် ကိုယ်ပြောတာ နားထောင်ဦး"
ငြိမ်သက်သွားပေမယ့် နီရဲနေတဲ့ မျက်နှာနုနုဟာ ဒေါသတွေနဲ့ မွမ်းမံထားတယ်။
"ကိုယ်... မင်းကို လက်ထပ်ယူမှာပါ"
"ထွီ!"
ရိပေါ်က စိတ်ဆတ်တယ်။
သာမန်ဆို အေးဆေးနေတတ်တဲ့ လူမျိုးပေမယ့် ဒေါသဖြစ်လို့ စိတ်မရှည်တော့တဲ့အခါ ဘယ်သူကြီးဖြစ်ဖြစ် ဂရုစိုက်မနေတတ်ဘူး။ဒီလိုဘဝနဲ့ချီပြီးတော့ လူတစ်ယောက်စီက စိတ်ရောကိုယ်ပါ စော်ကားခံလိုက်ရရင်ရော။
"ခင်ဗျား လက်ထပ်ယူရအောင် ကျွန်တော့်မှာ နစ်နာသွားတာမျိုးမရှိဘူး"
"ရိပေါ်ရယ်... ကိုယ် တကယ် တောင်းပန်ပါတယ်လို့ပြောနေခဲ့တာပဲ... "
"အကွက်ကျကျစီစဉ်ထားပြီးမှ... "
"ကိုယ်တကယ်မင်းကို ချစ်..."