Unicode
ကျိရိက ရိပေါ်ကို သိသိသာသာ ချဉ်းကပ်လာတယ်။ ဖုန်းကနေတစ်ဆင့် စာတွေပို့တဲ့အပြင် တစ်နေ့တစ်မျိုးမရိုးရအောင်လည်း လက်ဆောင်တွေပို့တယ်။
ရိပေါ်က ဒီလိုတွေကို သိပ်စိတ်ရှုပ်ရတယ်။ ရှောင်းကျန့်ကို ချစ်သည်ဖြစ်စေ မချစ်သည်ဖြစ်စေ ရိပေါ်က ရှောင်းကျန့်နဲ့ ပက်သက်တဲ့သူဖြစ်တာကြောင့် ဒီလို လူမှုရေး မထိန်းသိမ်းတဲ့အရာတွေကျ စိတ်ရှုပ်ဖို့ကောင်းရတယ်။
ယခုလည်း ကော်ဖီသောက်ဖို့ ချိန်းဆိုထားတဲ့ စာတစ်စောင်ကို ကြည့်ပြီး ရိပေါ် ဆံပင်တွေ ရှုပ်ထွေးသွားတဲ့အထိ ဖွပစ်လိုက်မိတယ်။
ရှောင်းကျန့်အနားမှာမရှိတဲ့ အချိန်ကစပြီးကျိရိက အဲ့သလိုတွေ ပိုဆိုးလာတယ်။ အလုပ်သွားရင်လည်း သွားတဲ့ နေရာမှာစောင့်တယ်။ ကွန်ဒိုရှေ့လာရပ်ပြီး ဒီနေ့လိုက်ပို့ပါရစေဆိုတဲ့ စကားတွေ။
ရှောင်းကျန့်ကြောင့် အလုပ်ရပ်နားခဲ့ရတယ်ဆိုတဲ့ အကြောင်းအရင်းနဲ့သာ အားနာနေခဲ့ရတာ။ ရိပေါ်စိတ်နဲ့သာဆို ကျိရိကို ဆွဲထိုးပစ်ချင်လောက်အောင်ကို စိတ်ရှုပ်နေခဲ့ပြီဖြစ်တယ်။
ဒီကော်ဖီဆိုင်ချိန်းဆိုမှုကို လက်ခံရမယ်။ ပြီးတာနဲ့ ဒီလုပ်ရပ်တွေဟာ ရိပေါ်အတွက်အဆင်မပြေကြောင်းနဲ့ သူမကြိုက်တဲ့အကြောင်းပွင့်လင်းစွာ ပြောပြရမယ်လို့လည်း တွေးတယ်။
စကားမစပ် ရိပေါ်က ဒီရက် အလွမ်းရဲ့ ဒဏ်ကို မသိမသာခံစားတတ်နေခဲ့သေးတယ်။ သူကိုယ်တိုင်တောင် မသိလိုက်ပါပဲ။
•
•
•
"ကျိရိကို ကျွန်တော် ပြောစရာရှိလို့ပါ"
Menu ကို ကြည့်နေတဲ့ ကျိရိက ရှေ့တည့်တည့်က သူ့ကိုကြည့်တယ်။
"ကျွန်တော့်ကို ဒီလိုမျိုး ကောင်းမွန်တဲ့မိတ်ဆွေဖြစ်ပေးတာကျေးဇူးတင်ပါတယ်။ လိုက်ပို့တာတွေ လက်ဆောင်ပို့ပေးတာတွေ ဆက်မလုပ်ပေးလို့ရမလား ဗျာ"
ကျိရိက menu ကို ပြန်ကြည့်သွားတယ်။ ပြီးတော့ ခပ်သဲ့သဲ့ရယ်တယ်။