10.

4.6K 451 13
                                    

Unicode

ကွန်ဒိုတိုက်ခန်း အဝင်အဝအထိ ရှောင်းကျန့်က ယိုင်တိုင်တိုင်ဆိုပေမယ့် ဟန်မပျက်တော့ လမ်းလျှောက်နိုင်သေးတယ်။

တံခါးပိတ်ပြီး အိမ်တွင်းစီးတဲ့ ဖိနပ်တွေလဲပြီးတဲ့ရိပေါ်က ထိုင်ရင်း ဖိနပ်ကြိုးဖြည်ပြီး ရုတ်တရက် ထရပ်လိုက်တဲ့ ရှောင်းကျန့်ရဲ့ ခေါင်းနဲ့ တည့်တည့်တိုးတယ်။

နီးကပ်သွားတဲ့ မျက်နှာပြင်နှစ်ခု ကြားမှာ လေထုအချို့သာ ခြားတယ်။

ရလေလိုလေဆိုတာ အမြဲတမ်းမှန်ကန်တဲ့စကားပါပဲ။ တဖြည်းဖြည်းတိုးလာတဲ့ ရှောင်းကျန့်ရဲ့ မျက်နှာ အနီးကပ်ကို ရိပေါ် ငေးမိနေတယ်။

ပြေပျစ်တဲ့ မျက်ခုံးမျက်လုံးနဲ့ သိမ်မွေ့တဲ့ နှုတ်ဖျားအောက်မှာ မှင်စက်တစ်စက်တို့ထားသလို မှဲ့နက်ကလေးဟာ နေရာယူတယ်။

တဖြည်းဖြည်းတိုးကပ်လာတယ်။

လက်တစ်ဖက်ဟာ ရိပေါ်ရဲ့ ပါးပြင်နုနုကို ခပ်ဖြည်းဖြည်း အုပ်မိုးလာတယ်။

နီးကပ်လာတဲ့ နှုတ်ဖျားဟာ သူ့နှုတ်ခမ်းပေါ်ကို ထိတွေ့ဖို့ အသင့်အနေအထားမှာ။
"ခင်ဗျား ကျွန်တော့်ကို မထိနဲ့... "

တွန်းထုတ်လိုက်ပြီး အခန်းထဲကိုသာ ရိပေါ် အမြန်ဝင်သွားလိုက်တယ်။

ခေါင်းထဲမှာ မူးလို့ မျက်လုံးတွေ ပြာဝေနေတယ်။

ရင်ဘတ်အစုံက နိမ့်လို့ မြင့်လို့ တဖန်စီဖြစ်ရင်း နှလုံးသားက ပိုပြီးသွက်သွက် ခုန်လာတယ်။

ရိပေါ် အဝတ်အစားတောင်မလဲပဲ ကုတင်ပေါ်ကို ပစ်လဲလိုက်ရတယ်။ သူရှောင်းကျန့်ကို မချစ်ချင်တာကို သတိကပ်ရဦးမယ်။

ရီဝေနေတဲ့ အမြင်အာရုံတွေကြားမှာ လှစ်ခနဲ ထွက်သွားတဲ့ ကျောပြင်။

ဘယ်လိုခြေလှမ်းတွေနဲ့ အနီးဆုံးကို လျှောက်ရမလဲ?

ရှောင်းကျန့်မေးခွန်းတွေ ထုတ်နေမိတာ ခဏခဏပဲ။

ဒီနေ့တော့ နည်းနည်းပင်ပန်းနေပြီဖြစ်တယ်။

"ရိပေါ်... မင်းကွာ... "

တကယ်လို့ မင်းမချစ်တော့ရင် Where stories live. Discover now