Extra

7.1K 483 27
                                    

Hidden Secret

"တကယ်လို့ မင်းမချစ်တော့ရင်" ဆိုတဲ့ အတွေးဖူးလား။ ကျွန်တော်ကတော့ တွေးလိုက်တိုင်း ကြောက်မှန်းမသိကြောက်ရတယ်။

ဒီအကြောက်တရားကို လိမ်ညာနေလည်း ဒီအကြောက်တရားက စိတ်ကိုဘယ်လောက်ထိ ညှဉ်းသတ်နိုင်သလဲဆိုတာ ကိုယ်ကိုယ်တိုင်အသိဆုံးပဲ။

တကယ်တော့ ကျွန်တော်ဟာ ကိုကို မချစ်တော့မှာကို သေခြင်းတရားတွေထက် ပိုပြီးကြောက်တတ်နေတာကို သိရှိခဲ့ရတယ်။

အစ်ကိုယွီပင်း ပြောခဲ့တဲ့ ကျွန်တော်မသိသေးတဲ့ အကြောင်းအရာဟာ ကျွန်တော့ကို တုန်လှုပ်ခြောက်ခြားသွားစေတယ်။

ထပ်ပြီးသိလိုက်ရတဲ့ အမှန်တရားကတော့ ကိုကိုက ကျွန်တော်ထင်နေခဲ့သလိုမျိုး... အမြဲတမ်း စိတ်စွဲခဲ့တဲ့အတိုင်း သူ့အပေါ် အတင်းအကြပ် အနားခေါ်ထားတယ်ဆိုတဲ့အကြောင်းအရာဟာ တကယ်မဟုတ်မှန်းသိခဲ့ရတယ်။

မထင်မှတ်ထားတဲ့ လူတွေရဲ့ လူမှုရေးကျင့်ဝတ်ချိုးဖောက်မှုတွေဟာလည်း ကြောက်ဖို့ကောင်းကြောင်း ကျွန်တော်သိခဲ့ရပါတယ်။

ကိုကိုဒီနေ့ စောစော ပြန်လာသင့်တယ်။

အစ်ကိုယွိပင်းပြန်သွားပြီးကတည်းက စောင်အောက်ထဲ ဝင်ပုန်းပြီး အငိုမတိတ်သေးတဲ့ သူ့အိမ်ထောင်ဖက်က ရင်ခွင်ထဲတိုးပြီး တောင်းပန်ဖို့ အသင့်စောင့်နေတာမို့ ကိုကိုက စောစော ပြန်လာပေးရင် ပိုပြီးကောင်းမှာပဲ။

ကိုကို့အချစ်က သိပ်နက်ရှိုင်းတယ်။

ကျွန်တော်ဖြင့် ရှက်လိုက်တာ... ကိုကို့အစား ခံပြင်းလွန်းလို့ မျက်လုံးတွေပေါက်ထွက်မတတ်ငိုဖြစ်တယ်။

"ကိုကို့ကို အများကြီး ပိုချစ်ဖို့ နောက်မကျလောက်သေးဘူးမဟုတ်လား"

ရှောင်းကျန့် ကွန်ဒိုတံခါးဖွင့်ဝင်လာတော့ တိတ်ဆိတ်မှုက ကြိုဆိုတယ်။

ပုံမှန်ဆို အမြဲလိုလို Kitchen bar လေးအနားမှာ ညနေစာ ချက်ဖို့ ဟင်းအမယ်လေးတွေပြင်ဆင်နေတဲ့ ရိပေါ်ကို မြင်တွေ့နေကျ။

တကယ်လို့ မင်းမချစ်တော့ရင် Where stories live. Discover now