11.

4.2K 443 17
                                    

Unicode

ညစျေးတန်းက လူတွေခပ်စိပ်စိပ်။

ဆူညံနေတဲ့ စကားသံတွေဟာ သူ့အာရုံနဲ့ သူမို့ မျက်မှန်တပ်ထားတဲ့ ရှောင်းကျန့်ကို သိပ်ပြီး သတိမပြုမိကြဘူး။

သတိထားမိတဲ့ ကလေးမတစ်ချို့ကတော့ တီးတိုးတီးတိုးနဲ့ ဓာတ်ပုံခိုးရိုက်တယ်။

အရင်ကသာဆို ရှောင်းကျန့်က ဒီလို ဓာတ်ပုံရိုက်ခံဖို့ မပြောနဲ့ လူတွေရှိတဲ့ ညစျေးတန်းကို လူကိုယ်တိုင်လာရောက်ဖို့ အနိုင်နိုင်။

"အာ့... "

သူ့ခြေထောက်ကို တက်နင်းသွားတယ်။

ဘယ်သူမှမဟုတ်... သူ့ရဲ့ တစ်ဦးတည်းသော အမျိုးသားပါပဲ။

"ဆောရီး... "

တမင်တက်နင်းပစ်တာ ရှောင်းကျန့်မသိပဲနေပါ့မလား။ လက်က အကိုက်ခံထားရတဲ့နေရာကတောင် နာကျင်မှုပျောက်သေးတာမဟုတ်။

တကယ့်ကို ရိပေါ်က ဂျစ်ကန်ကန်နဲ့ ဆိုးလာတယ်။

ညစျေးတန်းမှာ စျေးရေးထားတဲ့ ဆိုင်းဘုတ်တွေကို လိုက်ကြည့်ပြီး စျေးအကြီးဆုံးတွေကိုသာ လိုက်ဝယ်စားတဲ့ ရိပေါ်က ရှောင်းကျန့်အပေါ်ဆိုးနည်းတစ်မျိုးကို ထုတ်သုံးတယ်။

"တော်တော့ ရိပေါ် ရင်ပြည့်တော့မယ်"

"ခင်ဗျား ပိုက်ဆံကုန်လို့လား...  ရတယ် ကျွန်တော့်မှာ ပိုက်ဆံကျန်သေးတယ်"

ဘောင်းဘီ အိတ်ကပ်ကို လက်ဖဝါးနဲ့ ရိုက်ပြတယ်။

"မဟုတ်ဘူး...  မင်းရင်ပြည့်ပြီး နေမကောင်းမှာစိုးလို့ ကိုကိုပြောနေတာ"

အမှန်တော့ ရှောင်းကျန့်ပြောသလို ရိပေါ် ဗိုက်တင်းနေပြီ။ထပ်ပြီးစားရင် ရင်ဘတ်ထဲအထိ ပြည့်တက်ပြီး နေမကောင်းတော့မှာ အသေအချာ။

"အားရီ...  သူ့ကိုမရောင်းနဲ့"

​ပြောရင်း အသားကင်ဆိုင်ရှေ့ထပ်ပြီး ရပ်လိုက်တာကြောင့် ရှောင်းကျန့်ရဲ့ သည်းခံမှု အတိုင်းအတာဟာ ကျော်လွန်သွားပြီ။

ခြေလှမ်းကျယ်တွေနဲ့ ခပ်သွက်သွက်လျှောကါထွက်သွားတဲ့ ရှောင်းကျန့်ကြောင့် ရိပေါ်က လက်ထဲမှာ ရွေးထားတဲ့ အသားချောင်းတွေကို ပြန်ချပြီး ဆိုင်ရှင်ကို စပ်ဖြီးဖြီးလုပ်ပြရတယ်။

တကယ်လို့ မင်းမချစ်တော့ရင် Where stories live. Discover now