16.

4.2K 435 11
                                    

Unicode

"ကျန့်ကော...  မတွေ့တာကြာပြီနော်"

လက်ဖဝါးကို ထောင်ပြရုံ နှုတ်ဆက်တဲ့ ကျိရိကြောင့် ရှောင်းကျန့် မျက်ခုံးတွေ အလိုလိုတွန့်ကျိုးသွားရတယ်။

"အင်း... "

ကင်မရာကို လွယ်ရာကနေ ချွတ်ပြီး မမြင်ချင်တဲ့ မျက်နှာကို လျစ်လျူရှုလိုက်တယ်။

"ရိပေါ်... လာ အခန်းပြန်ရအောင်"

လက်ကောက်ဝတ်ကို အားထည့်ပြီး ဆွဲတော့ ပြန်ရုန်းတဲ့ ရိပေါ်။

မျက်မှောင်တစ်ချက်ကျုံ့ပြီး စိုက်ကြည့်လိုက်ပေမယ့် ရိပေါ်က အစကတည်းက အဆိုးလေးဖြစ်နေတာမို့ သူ့ကို အရွဲ့တိုက်ဖို့ ဘယ်အချိန်မဆို အသင့်ရှိနေပြီးသား။

လက်ကို အတင်းဆွဲပြီး ရုန်းလိုက်တော့ ကိုင်ထားတာက လွတ်ကျသွားတယ်။

"အစ်ကိုကျိရိနဲ့ မတွေ့တာကြာပြီမို့ စကားပြောဦးမယ်...  ပြန်ချင်ပြန်"

ရှောင်းကျန့်က လက်ကို အတင်းပြန်ဆွဲတယ်။

"ကျစ်... "

"ငါ မင်းကို မချီနိုင်ဘူး ထင်နေတာလား ရိပေါ်!"

ရှောင်းကျန့်အသံက ခပ်မာမာ။
ရိပေါ်ကတော့ မျက်နှာကွက်ခနဲပျက်တယ်။

"လက်ကိုလွှတ်...  အဲ့လောက်လုပ်စရာမလိုဘူး"

​ရိပေါ်က ကျိရိကို ခေါင်းညိတ်ပြပြီး သူ့ကိုကျော်လို့ ထွက်သွားတယ်။

"ရိပေါ်နဲ့ ဝေးဝေးနေပါ... ထပ်ဖြစ်ရင် ငါဘာလုပ်မိမယ် မပြောတတ်ဘူး"

ဟက်ခနဲ ရယ်သံကို လျစ်လျူရှုပြီး ထွက်လာတော့ ရှောင်းကျန့် နှလုံးခုန်သံဟာ အဆမတန်မြန်နေတယ်။

အဲ့နေ့ကလို အဖြစ်မျိုးထပ်ဖြစ်လို့ သူသာ မရှိနေခဲ့ရင် ရိပေါ် ဘာဖြစ်သွားမလဲ။ ထပ်ပြီးသာဖြစ်လာခဲ့လို့ သူမကာကွယ်နိုင်လိုက်ရင် ဘယ်လိုလုပ်မလဲ။

စိုးရိမ်ရေမှတ်က မြင့်တက်တဲ့အခါ သက်ပြင်းတွေပဲအခါခါချရတယ်။

ကိုယ်တိုင်တောင် မမွှေးကြူရက်နဲ့ ပန်းရိုင်းကလေးတစ်ပွင့်ဖြစ်သည့်တိုင်
​အခြားလူ ခူးပြီး နင်းချေသွားမှာကို ရှောင်းကျန့်က နည်းနည်းမှလိုလားတာမဟုတ်ဘူး။

တကယ်လို့ မင်းမချစ်တော့ရင် Where stories live. Discover now