22.

5.1K 480 34
                                    

Unicode

တရိပ်ရိပ် မူးနောက်နေသည့်ခေါင်းနဲ့အတူ နေရထိုင်ရသည်မှာ မသက်သာလှ။

ရိပေါ်ကိုယ်တိုင်ဦးစီးဦးဆောင်ပြုရသည့် ဟင်းချက်သည့် တီဗီအစီအစဉ်အသစ်ကလည်း စနေပြီမို့ အလုပ်ဒဏ်တွေ ပိသည်ထင်ပါရဲ့။ ရိုက်ကွင်းမှာ တင် ဖြူဖျော့လာတဲ့သူ့ကို အားလုံးက အတင်းပြန်လွှတ်တာကြောင့် ကွန်ဒိုကိုသာ ပြန်ရောက်လာရတော့တာပဲ။

အဝတ်တောင်မလဲနိုင်ဘဲ အိပ်ရာပေါ်ထိုးအိပ်တော့ မကျတဲ့အဖျားက ပိုလို့တောင်တိုးလို့ လူကိုနုံးချိစေလာတယ်။

ရေများများသောက်ရင် အဖျားကျတယ်ဆိုတဲ့စိတ်နဲ့ အားတင်းပြီး ရေတွေချည်းလှိမ့်သောက်ဖို့ကြိုးစားတော့လည်း နေပူထဲထွက်လိုက် အအေးခန်းထဲ ဝင်လိုက်နှင့် အပူချိန်မမျှရခြင်းတွေကြောင့် လည်ချောင်းနာထားရပြန်တော့ မြိုချရတာ ခက်ခက်ခဲခဲ။

တရှိန်းရှိန်းနဲ့ဖြစ်နေတဲ့ အပူချိန်ဟာ မျက်လုံးကိုတောင် လာရိုက်သလိုခံစားရတာမို့ မျက်ဝန်းတွေကို ခဏ မှေးမှိတ်ထားစေလိုက်တယ်။

အထီးကျန်ခြင်းတွေက ကြောက်မက်ဖွယ်လိလိပါပဲ။

ဂရုစိုက်ပေးမယ့်သူမရှိ။
စိုးရိမ်ပေးမယ့်သူဟာ ပေါ်မလာ။

နေမကောင်းနဲ့စိတ်က ဖျက်ဆီးပစ်တဲ့ မာနတံတိုင်းတွေက ခပ်မြန်မြန်ပဲ ကျိုးကျပျက်စီးကုန်တယ်။

အလွမ်းလို့ဝန်ခံရဖို့ ပြောလာတဲ့အခါ ဒါက လွမ်းဖျားလွမ်းနာလို့ စွတ်စွဲလည်း သူငြင်းပယ်လိမ့်မှာမဟုတ်။

မျက်ခမ်းစပ်က ကျဆင်းသွားတဲ့ မျက်ရည်တွေကို လည်း မသုတ်မိတော့။

sticky note ကလေးကို မီးအိမ်အုပ်စောင်းမှာ ကပ်ပြီး ထွက်သွားတဲ့ ရှောင်းကျန့်က ဒီတစ်ခါတော့ တကယ်ပြတ်သားခဲ့ပါတယ်။

ဖုန်းလည်းမဆက်။ စာလည်းမပို့တဲ့အပြင် သူ့ကို လျစ်လျူရှုသွားသည်မှာ နောက်နှစ်ရက်ဆို တစ်လတင်းတင်းပြည့်တော့မယ်။

ရိပေါ်က တစ်ယောက်တည်း...။
ဒီကွန်ဒိုမှာ တစ်ယောက်တည်း။

တံခါး​ကို လက်ဆစ်လေးနဲ့ တဒေါက်ဒေါက်လာခေါက်လို့ အဆင်ပြေရဲ့လားမေးမယ့်သူမရှိ။

တကယ်လို့ မင်းမချစ်တော့ရင် Where stories live. Discover now