Unicode
"ရိပေါ်... ကိုယ် ကုတင်တစ်လုံး ထိုးခိုင်းထားတယ်... အဆင်ပြေမလား"
သူ့ကိုကျောပေးပြီး ကုတင်ပေါ်မှာ ဖုန်းသုံးနေတဲ့ ကောင်လေးက မချစ်တဲ့အကြောင်း မြဲမြဲမှတ်ထားဖို့ ပြောပြီး သူ့ကို စိတ်ကောက်နေပြန်တယ်။
အသိပေးတဲ့သဘောနဲ့ ပြောပေမယ့် စကားပြန်မရတာကြောင့် ရှောင်းကျန့်သက်ပြင်းတစ်ချို့ ချရပြန်တယ်။
"ကိုယ်ရေချိုးဦးမယ်"
Spray တွေဖြန်းလို့ ပုံသွင်းထားတဲ့ ဆံပင်ကြောင့် ခေါင်းလျှော်ပြီး ရေချိုးရမယ်။ မာတောက်နေတဲ့ ဆံပင်တွေကို ထိုးဖွလိုက်တော့ အုပ်အုပ်ထူထူဆံသားတွေဟာ ပွယောင်းလို့ ထိုးထောင်သွားတယ်။
အင်္ကျီကြယ်သီးတွေကို ဖြုတ်ရင်းနဲ့ ဟိုတယ်ရေချိုးခန်းထဲ ဝင်သွားတဲ့ ရှောင်းကျန့်ရဲ့ လှုပ်ရှားမှုကို ရိပေါ်က နားစိုက်ထောင်နေခဲ့တယ်။
"ဒီအချိန်ကြီး ရေချိုးပြန်ပြီ... အဘိုးကြီး!"
ဖုန်းစရင်ရဲ့ ထိပ်နားက နာရီဟာ ကိုးနာရီကိုပြပေမယ့် ရေချိုးဖို့ ပြင်ဆင်နေတဲ့ လူကို တိတ်တိတ်ကလေး ကျိန်ဆဲဖို့ မမေ့လျော့ခဲ့။
အခန်းအရေအတွက် များများစားစားမရှိတဲ့ ဟိုတယ်အသစ်မို့ အဲ့ဒီ့လူအတွက် အခန်းဟာ ရဖို့ခက်သွားပြန်တယ်။
ဒါရိုက်တာက အိမ်ထောင်ဖက်တွေမှန်းသိသွားလေတော့ ရိပေါ်ကိုပဲ တာဝန်ယူခိုင်းတယ်။
သူပဲ surprise ဆို ခေါ်ထားခဲ့ပြီး သူပဲ ခေါ်နေလိုက်တာမဟုတ်ဘူး။
ရိပေါ်က ခပ်ညစ်ညစ်တွေးပေမယ့် စိတ်ရှုပ်နေတာကြောင့် အရစ်မရှည်နိုင်တော့။
"ရှောင်းကျန့် မြန်မြန် ချိုး... ကျွန်တော် အပေါ့သွားမလို့"
ရှောင်းကျန့် ရေချိုးရင် တအားကြာတယ်။
မင်းသားလုပ်ကတည်းက ရေချိုးရင် နှစ်နာရီလောက်ကြာတတ်တဲ့ ပဲပိနေတဲ့ လူမို့။ရေချိုးတာ ကိုးနာရီ ခွဲခါနီးအထိ မပြီးသေးတာကြောင့် ရေချိုးခန်းရှေ့သွားပြီး အပေါ့သွားချင်ကြောင်း ပြောရတာပဲ။