17.

4.4K 422 30
                                    

Unicode

ယွီပင်းကျေးဇူးနဲ့ ခပ်ကျစ်ကျစ်စည်းနှောင်ထားရတဲ့ ပတ်တီးဖွေးဖွေးက လက်ကောက်ဝတ်မှာ နေရာယူတယ်။

ရိပေါ် သိသွားရင် စိတ်တိုနိုင်မယ်ဆိုတဲ့အကြောင်းကို စိတ်ပူပြိး ပြောပြတော့ ဘာမှမဖြစ်ဘူးလို့ အာမခံနေသးရဲ့။

ရှောင်းကျန့်ကတော့ သူငယ်ချင်းကောင်းတွကြောင့် သွေးပါဆောင့်တက်ချင်တယ်။

"ဆေးတော့ တကယ် မသွင်းရပါဘူးနော်"

"မင်းကလည်း"

ကုတင်ပေါ်ကို အတင်းတိုးပြီး လှဲခိုင်းနေတဲ့ ယွီပင်းကို ခပ်ရွတ်ရွတ်မေးတော့ လက်သီးထောင်ပြတယ်။

"အချစ်က တခါတလေ မူယာမာယာများရတယ်... မှတ်ထား"

စောင်တွေ အတင်းခြုံပေးရင်းနဲ့ အိမ်ရှေ့မှာ ထွက်စောင့်မယ်ဆိုပြီး ဧည့်ခန်းရှေ့ထွက်သွားလေရဲ့။
မျက်လုံးမှိတ်ပြီးစောင့်နေရင်းနဲ့ ခရီးပန်းထားတဲ့ အရှိန်နဲ့ ရှောင်းကျန့် တကယ် အိပ်ပျော်သွားမိတယ်။

တစ်ဦးတည်းသောကလေး စိတ်တော် မညိုဖို့နဲ့ အမျက်မရှဖို့ ဆုတောင်းရတာလည်း အကြိမ်ကြိမ်အခါခါပါပဲ။

"ဘယ်လိုဖြစ်ရတာလဲ... "

ကုတင်ပေါ်မှာ အိပ်ပျော်နေတဲ့ ရှောင်းကျန့်ကို ကြည့်ပြီး မျက်နှာငယ်လေးနဲ့ ရပ်နေတဲ့ အစ်ကိုယွီပင်း။

"မသိပါဘူး ရိပေါ်ရာ"

အခန်းထဲ ပြေးဝင်လာတဲ့ ရိပေါ်က အင်္ကျီတွေတောင်မလဲနိုင်။ သိသိသာသာ ပျက်ယွင်းနေတဲ့ မျက်နှာကိုတွေ့တော့ မသိမသာ ကြိတ်ပြုံးရတာ ယွီပင်းပဲ။

အချစ်တွေချည်းပေးပြီး အချစ်တွေ ပြန်မရနိုင်သေးတဲ့ သူငယ်ချင်းကို ကယ်တင်ပေးသောအားဖြင့် သူလည်း အချစ်နဲ့ ထိတွေ့ခွင့်ရရှိချင်ပါသေးရဲ့။

"ခုနက နိုးလာပြီးတော့ အခုပဲ ပြန်အိပ်သွားတာ... အစ်ကို ပြန်တော့မယ်...  ဂရုစိုက်ပေးပါဦး"

ယွီပင်းက ချောင်းဟမ့်ပြီး ထွက်သွားတယ်။
ရှောင်းကျန့် အိပ်ပျော်နေတာကို သူမှမသိဘဲ။

တကယ်လို့ မင်းမချစ်တော့ရင် Where stories live. Discover now