Description

5.1K 219 11
                                    

[ UNICODE ]

Description

မင်းယောက်ျားက မင်းအပေါ် အေးစက်ပြီး တင်းကြပ်လွန်းတယ်။ အရာရာကို ချုပ်ချယ်တတ်တယ် ဆိုပါစို့။

ဒါပေမဲ့ မင်း ပြန်လည်မွေးဖွားပြီးနောက် မင်း ယောက်ျားရဲ့ အပြုအမူတွေက တဖြည်းဖြည်း ထူးဆန်းလာခဲ့တယ်။

ဥပမာ -

ပြဿနာအား ရှာကြံပြီး ချွဲတတ်လာတယ်။

"ပေါင်ပေ့ .. မင်း ကိုယ့်ကို အခုထိ Morning kiss မပေးရသေးဘူး။ ကိုယ့်နှုတ်ခမ်းက မင်းနှုတ်ခမ်းလေးကို လွမ်းလှပြီတဲ့။ "

မင်းကို တစ်ကမ္ဘာလုံးက လူတွေနဲ့ ရှာကြံပြီး သဝန်တိုတတ်လာတယ်။

"ဘာဖြစ်လို့ အခြားကောင်တွေကို လိုက်ကြည့်နေတာလဲ? ယောက်ျားလေးတွေတင် မဟုတ်ဘူး .. မိန်းကလေးတွေပါ ပါတယ်။ ကိုယ့်မျက်နှာနဲ့ ခန္ဓာကိုယ်က မင်းအတွက် လုံလောက်မှု မရှိသေးဘူးလား?"

ချုပ်ချယ်ရမည့်အစား ဉာဏ်များတတ်လာတယ်။

"အရက်လုံးဝမသောက်ရဘူး။ ကိုယ့်ကွယ်ရာမှာ ခိုးသောက်တာကို မိလို့ကတော့ အရက်တစ်ငုံသောက်တိုင်း ကိုယ် မင်းကို တစ်ခါ fuck ပစ်မယ်။ ခိုးသောက်ချင်သပဆိုရင်လည်း သဘောပေါ့။ "

မင်း ဘာပဲပြောပြော မှားမှား၊မှန်မှန် မင်းဘက်က နေပေးတယ်။

"ရှစ်ထဲက လေးကိုနုတ်ရင် နှစ်? ဝါး .. ပေါင်ပေ့က လုံးဝ genius ပဲ၊ ပေါင်ပေ့သာ မကူညီရင် ကိုယ်တော့ စာရင်းတွေ မှားတွက်မိတော့မှာ။ "

နဂိုကတည်းက အဖြေမှန်နေပြီးသား '4' နေ
ရာ၌ သူ့ပေါင်ပေ့ပြောသည့် '2' ကို ပြန်ပြင်ရေးနေသည့် ရှောင်းအုပ်စုရဲ့ ဥက္ကဋ္ဌကြီး။

ဘေးကနေ မတ်တပ်ရပ်ရင်း ဖြစ်ရပ်တစ်ခုလုံးအား အစအဆုံး မြင်လိုက်ရသော လက်ထောက်ဟန် : " ... "

နေ .. နေပါဦး။

သူ့အား ကလေးတစ်ယောက်လို အလိုလိုက်ပြီး အချစ်တွေ ပုံအောပေးနေတဲ့ လူကြီးက အရင်ဘဝက သူလက်ထပ်ခဲ့တဲ့ အေးတိအေးစက် လူကြီးရော ဟုတ်ရဲ့လား?

REBIRTH OF A LAZY YOUNG MASTER [ ZHANYI ]Where stories live. Discover now