(Sean Xiaozhan)
ရှောင်ရှောင်းကျန့် တစ်နည်းအားဖြင့် လူအများခေါ်ဝေါ်သည်က နှလုံးသားမရှိတဲ့ ချစ်တီး။ နာမည်ပြောင်က ဟော်ဂိုဏ်းချုပ်။
ချစ်တီးဆိုတဲ့ အသံကြားတာနဲ့ အသားမဲမဲ ဗိုက်ရွဲရွဲ ကတုံးပြောင်ပြောင် အသက်ကြီးကြီး လူကြီးကိုသွားမြင်မိရင်တော့ အမှားကြီးမှားလိမ့်မည်။
ရှောင်းကျန့်မှာ အရပ်ခြောက်ပေကျော် ဗလတောင့်တောင့် အသားခပ်လတ်လတ်နှင့် မင်းသားတစ်ယောက်ဖြစ်နိုင်တဲ့ ရုပ်ရည်ရှိ၏။ နှုတ်ခမ်းအောက်က မှဲ့နက်ကလေးပိုင်ဆိုင်ထားတဲ့ ထိုလူသည် အပြုံးချိုချိုနှင့် ရက်စက်တတ်သူတစ်ဦးဖြစ်သည်။
ရက်စက်ရုံတင်မကပါ ပိုက်ဆံနဲ့ ပက်သက်ရင်တော့ နှစ်ယောက်မရှိအောင် ကပ်စေးနှဲသူဖြစ်ပြီး အပေါက်ကလည်း အလွန်ဆိုးသေးသည်။ ရှောင်းကျန့်က အပေါက်ဆိုးပေမယ့် စိတ်ရင်းကောင်းသည်။ ကြင်နာသနားတတ်တဲ့ လူငယ်လေးဆိုပေမယ့် အကုန်လုံးက်ိုဖုံးကွယ်ထား၏။
ဘာလ်ို့လဲလို့မမေးနှင့် အတိုးပေးစားနေတဲ့ လူမိုက်ခေါင်းဆောင် တစ်ယောက်က စိတ်ပျော့ညံ့ပြနေလို့မရပါ။
ပုံပန်းသွင်ပြင်မှာ အမြဲနှုတ်ခမ်းမွေးရေးရေးနှင့် ရှည်နေတဲ့ ရှေ့ဆံပင်တစ်ချို့ကို နောက်ထိလှန်တင်လို့ စည်းထားတတ်၏။ ဘေးဆံပင်နှစ်ချောင်းကိုပါ ချထားတတ်သေးသည်။
ဟာဝိုင်အီရှပ်ကို စွပ်ကျယ်ပေါ်မှာထပ်ဝတ်လို့ ဘောင်းဘီတိုနှင့် ကွင်းထိုး စလစ်ပါ အမည်းကို စီးထားတတ်သည်က ရှောင်းကျန့်ရဲ့စတိုင်ပင်။
စုပ်လုံးချ်ိုချဥ် တစ်ခုကို ပါးစောင်မှာ အမြဲထိုးထားတတ်သူတစ်ဦးဖြစ်ပြီး လည်ပင်းက ရွှေဆွဲကြိုးကြီးက ရှောင်းကျန့်ရဲ့ ပြယုဂ်။
ဘောင်းဘီအိတ်ကပ်ထဲကို လက်တစ်ဖက် ထိုးထည့်လို့ နောက်က တပည့်တပန်း တစ်သိုက်ဖြင့် ဆောင့်ကြွားဆောင့်ကြွားလမ်းလျှောက်တတ်သည်။
ရုပ်ကလေးချောတဲ့ ဆိုက်ကိုကောင် ဆိုပြီးလည်း လူအများက သမုတ်ကြပြန်သည်။ သို့ပေမဲ့ ရှောင်းကျန့်အား ဘယ်အရာမှသွားပြီး လျှော့တွက်လို့မရပါ။ ရှောင်းကျန့်က အတင်းအဖျင်းမှန်သမျှကိုလ်ိုက်ဂရုစိုက်တတ်နေသည်တော့မဟုတ်။ သူဂရုစိုက်သည်မှာ ပိုက်ဆံ (ဝါ) ငွေပဲဖြစ်၏။