(Unicode)
ရိပေါ် နောက်ကနေကပ်ပါလာတဲ့သူကို မြင်မြင်ချင်း ရှင်းရှင်းမှာ ဘာမှတောင် မပြောနိုင်တော့။
သူမမှာ ရှောင်းကျန့်ကို လှမ်းကြည့်လိုက် ကုဝေကိုလှည့်ကြည့်လိုက်နှင့်။ နှစ်ယောက်သားက ရုပ်ဆင်လွန်းတယ်ဆိုတာကလွဲပြီး ဘာမှစဥ်းစားမရပေ။ သူမလည်းဘေးလူသာဖြစ်တာ ဦးနှောက်ကို တော်တော်အလုပ်ပေးလိုက်ရသည်ပဲ။
တစ်ချိန်တည်းမှာပဲဆိုင်မှာ လူတွေကျလာသည် ။ ရိပေါ်ကလည်း လက်ထိခိုက်ထားသည့်အတွက် စားပွဲထိုးပေးဖို့လူကလည်းလ်ိုနေပြန်သည်။
ကုဝေက စားတာကိုရပ်ပစ်လိုက်ပြီး အကျီလက်တွေကို ခေါက်တင်ပစ်လိုက်သည်။ လူမလောက်လို့ အခက်တွေ့နေတဲ့ ရိပေါ်ကို ဒီတိုင်းတော့ ထိုင်မကြည့်နေနိုင်ပါ။
ဒီကောင်လေးက သူ့ကြောင့် လက်ထိသွားလို့ အလုပ်တောင်ပျက်တော့မယ်မဟုတ်ပါလား။
" ရိပေါ် ကိုယ်ဘာကူညီရမလဲ "
" ဗျာ... ရ ..ရပါတယ် "
" လူလိုနေတာမလား။ မငြင်းနဲ့ ဒီနေ့အတွက် ကိုယ်စားပွဲထိုးလုပ်ပေးမယ် "
" အားနာစရာတွေဖြစ်ကုန်ပါပြီ "
ဆိုင်သေးသေးလေးပေမယ့် ဒီနေ့မှထူးထူးခြားခြားပိုရောင်းကောင်းနေသည်။ တစ်ဆိုင်လုံးလည်း ဧည့်သည်တွေပြည့်နေပြီဖြစ်တာကြောင့် ရိပေါ်လည်း မငြင်းတော့ပဲ ကုဝေရဲ့အကူအညီကိုလက်ခံလိုက်၏။
" ငါ... အဲ ကိုယ်တို့လည်း ကူမယ်လေ "
" ခင်ဗျာ "
ထိုအချ်ိန် ရှောင်းကျန့်မှာ သူလည်းကူမယ်ဟု ထပြောလိုက်သောကြောင့် ရ်ိပေါ်မှာ ကြောင်တောင်တောင်ကလေးဖြစ်သွားရသည်။
ဒေါက်တာ ကုဝေကတော့ ထားလိုက်တော့ ဒီလူက ဧည့်သည်ကနေ ဘယ်လိုဖြစ်လို့စားပွဲထိုးလုပ်ချင်ရတာတုန်း !
" ဧည့်သည်တို့ကတော့ ဒီတိုင်းနေပါခင်ဗျာ။ ကျွန်တော်တို့မှာ ဧည့်သည်ကိုခိုင်းပိုင်ခွင့်မရှိပါဘူး "
ရိပေါ်က ယဥ်ကျေးစွာငြင်းဆိုပေမယ့် ရှောင်းကျန့်က ထိုငြင်းဆိုချက်ကိုပယ်ချလိုက်သည်။