(Unicode)
တိုက်အောက်ကိုရောက်နေပေမယ့် ရိပေါ်က ကားပေါ်က မဆင်းသေးပေ။ အိမ်မပြန်ခင် ရှောင်းကျန့်က သူ့ကို ဘာလုပ်မလဲလို့စောင့်နေတာဖြစ်သည်။
ရည်းစားတွေဆို နှုတ်ဆက်အနမ်းလေး ဘာလေးပေးသင့်တာမဟုတ်ဘူးလား။ ဒီလူကြီးက ဘာလား။
" ကျန့်ကော "
" အွန်း "
ဟောကြည့် ! ထူးတဲ့အသံကိုက စိတ်တိုင်းကျမနေဘူး။ စိတ်မပါလက်မပါနဲ့။ အရင်ကကျ သူပဲ သဘောကျပါတယ်ဆိုပြီးလိုက်ကပ်နေပြီးတော့။
တွဲရအောင်လို့ပြောလ်ိုက်မှ လူကို လွယ်လွယ်ရတယ်ထင်သွားလို့ အဖက်မလုပ်ချင်တာလားဟု ရိပေါ်လည်း ဖြစ်နိုင်ချေရှိတာတွေကိုတွေးနေမိ၏။
ဖြစ်နိုင်ရင် ရှောင်းကျန့်စိတ်ထဲကိုဝင်ကြည့်ချင်မိသည်။ ဒီလူကြီးက ရိုးတာလား အတာလား ဒါမှမဟုတ် ဘာမှကိုမသိတာလား။
" ကျွန်တော်တို့က အခုဘာတွေလဲ "
" အင် .. "
ကြည့်စမ်း ကြည့်စမ်း ! စဥ်းစားနေပြန်ပြီ။
ရိပေါ်က မျက်ခုံးတွေ ကျုံ့ပြီး ရှောင်းကျန့်ကို မှုန်ကုပ်ကုပ်နဲ့စိုက်ကြည့်နေတာကြောင့် ရှောင်းကျန့်မှာ နေစရာတောင် ပျောက်လာသလိုခံစားလိုက်ရသည်။
အခုဘာတွေလဲဆိုတော့ ဘယ်လိုဖြေရမှာလဲ။ ကိုယ်တို့က လူတွေလ်ို့ဖြေရမှာလား။
ရှောင်းကျန့်တကယ်ဦးနှောက်ခြောက်ပါသည်။ မယ်တော် မ,စပါ !
စိတ်ကူးထဲမှာတော့ မယ်တော်ကို တိုင်တည်ပြီး အကူအညီတောင်းနေမိသည်။
" တော်ပြီ တော်ပြီ ။ ကျန့်ကောက တော်တော်စိတ်ပျက်စရာကောင်းတာပဲ။ ရှစ်ထ် ! အလကားဘိုးတော် "
ရိပေါ်လည်း ရှူးရှူးရှဲရှဲဖြင့် ရှောင်းကျန့်ကို ဆဲပြီး ကားပေါ်က ဆင်းမယ်လုပ်သည်။ ထိုအခါမှ ရှောင်းကျန့်က ရိပေါ်ကို ဆွဲထားလေ၏။
အဆဲခံရမှ ရှောင်းကျန့်လည်း ပြူးပြာသွားလေသည်။ အချစ်ကလေးက ဆဲတတ်မှန်းမသိခဲ့ဘူးရယ်။
" နေ .. နေပါဦးကွာ။ ကိုယ်တို့က ဘာတွေလဲဆိုတော့ ကိုယ်က ဟော်ဂိုဏ်းချုပ်လေ။ ရိပေါ်က ကိုယ့်အချစ်ကလေး "