Ep - 11

783 130 118
                                    

(Unicode)

" ကိုယ်တို့ ဘယ်သွားကြမလဲ ရိပေါ် သေချာစဥ်းစားပြီးပြီလား "

" ပြခန်းတစ်ခုခုကိုသွားကြမယ်လေ ။ ပန်းချီပြခန်းဖြစ်ဖြစ် ၊ သမိုင်းပြတိုက်ဖြစ်ဖြစ်  "

ရည်းစားဖြစ်ပြီး ပထမဆုံးဒိတ်ကို ဘယ်နားသွားရမလဲမသိ၍ ရိပေါ်က လိုင်းပေါ်ကနေ ရှာလိုက်တာဖြစ်၏။ ဒိတ်ဖို့အတွက် အကောင်းဆုံးနေရာများဟု ရှာလိုက်တော့ ချစ်သူတွေအတွက် ဒိတ်သင့်တဲ့နေရာ သုံးဆယ့်ငါးမျိုးဟု ပေါ်လာလေသည်။ ထိုထဲကမှ Museum date ကိုရွေးကြည့်လိုက်တာဖြစ်သည်။

" ရိပေါ်က ပန်းချီစိတ်ဝင်စားလို့လား "

" မဝင်စားပါဘူး။ဓာတ်ပုံရိုက်လို့ကောင်းမလားလို့ "

ပန်းချီပြခန်းသွားမယ်ဆိုလို့ အချစ်ကလေးက အနုပညာဆန်လိုက်တာလို့တွေးမိကာရှိသေး ဓာတ်ပုံရိုက်ဖို့ဟုကြားလိုက်ရတော့ ရှောင်းကျန့်မှာ နင်သွားရသည်။

ရှောင်းကျန့်က ပန်းချီအကြောင်းနားမလည်ပေမယ့် စိတ်တော့ဝင်စားသည်။ မွေးစားအဖေက ပန်းချီကားတွေဝယ်စုရတာဝါသနာပါသည်ဆိုတော့။

" ဒါဆိုလည်းသွားကြတာပေါ့ "

အရင်ဆုံး ပန်းချီပြခန်းရှိရာသို့မောင်းလာခဲ့ပြီး ပန်းချီပြခန်းမရောက်ခင် ကားပါကင်မှာ ကားရပ်ထားလိုက်၏။ ပန်းချီပြခန်းက ခပ်လှမ်းလှမ်းမှာ ရှိသည်မို့ လမ်းလျှောက်ရသေး၏။

တနင်္ဂနွေနေ့ဖြစ်လို့ လူကတော့ များသည်။ ရာသီဥတုက နည်းနည်းမှိုင်းနေပြီး လေတိုက်နေသေးသည်။ လေအဝှေ့မှာ ရိပေါ်ရဲ့ ဆံဝါတွေက တလွင့်လွင့်မို့ ရိပေါ်မှာ ဆံပင်တွေကို သပ်ချရင်း အလုပ်များနေ၏။

" ကျစ် ! ဒီဆံပင်တွေက ရှုပ်လိုက်တာ နောက်နေ့ကျ ညှပ်ပစ်ဦးမယ် "

စိတ်ရှုပ်စွာ ညည်းတွားတဲ့အသံကို ရှောင်းကျန့်က ကြားလိုက်သည်။ တကယ်များ ညှပ်ပစ်တော့မှာလားလို့ စိတ်မကောင်းဖြစ်သွားကာ စိတ်ညစ်သွား၏။

" ဘာလို့ညှပ်မှာလဲ ဒီဆံပင်လေးနဲ့လိုက်တယ် "

" ရှုပ်လို့လေ "

𝗠𝗿.𝗦𝘁𝗶𝗻𝗴𝘆Where stories live. Discover now