(Unicode)
ရှောင်းကျန့်ရဲ့ ဆိုင်ခန်းကို ရိပေါ်တို့ ငှားဖြစ်သွားသည်။ ဆိုင်ခန်းခကို တစ်ခါတည်းချေစရာမလိုပေမယ့် အနည်းဆုံး တစ်နှစ်စာချုပ်ချုပ်မှရမည်ဆိုတဲ့ အချက်တော့ ရှိ၏။
ဆိုင်အပြင်အဆင်ကတော့ ရိပေါ်တို့ ကိုယ်တိုင်ပဲလုပ်သည်။ ဒီနေ့ဆိုင်ကို အလှဆင်ရမှာဖြစ်တာကြောင့် ရှောင်းကျန့်နဲ့ ယွီပင်းမှာ ရိပေါ်တ်ို့ကို ကူညီဖို့ရောက်နေ၏။
ဟိုဘက်ဆိုင်ဟောင်းက ပစ္စည်းတွေကို သိမ်းဖို့ ရိကျွင်းနဲ့ ရှင်းရှင်းက တာဝန်ယူထားပြီး သူတို့ကို ကူညီပေးဖို့ ရှောင်းကျန့်လည်း သူ့တပည့်တစ်ချို့ကိုလွှတ်ထားသည်။
ဆိုင်သစ်မှာတော့ ရိပေါ်ရယ် ရှောင်းကျန့်ရယ် ယွီပင်းရယ် သုံးယောက်အရင်ဆုံးရောက်နှင့်နေတာဖြစ်သည်။
တရားဝင်ဖွင့်ပြောထားခြင်းဖြစ်၍ ရှောင်းကျန့်မှာလည်း ရိပေါ်နားကို ပြောင်ပြောင်တင်းတင်းတွယ်ကပ်နေလေသည်။
ရိပေါ်လက်ကလည်း ကောင်းသွားပြီဖြစ်တာကြောင့် ဆေးခန်းသွားစရာမလိုတော့ပေ။ ဒေါက်တာကုနဲ့ကတော့ လိုင်းပေါ်မှာ အဆက်အသွယ်နေ့တိုင်းနီးပါးလုပ်ဖြစ်နေသည်။
ဒေါက်တာကုနဲ့ ရှောင်းကျန့်မှာ ရုပ်ချင်းသာဆင်တာ အပြုအမူတွေ အကျင့်စရိုက်တွေ အပြောအဆိုတွေကအစအလွန်ကွာသည်။
ဒေါက်တာကုက အထက်တန်းစားဆန်ဆန် စကားလုံးနုနုလေးတွေသုံးတတ်တယ်ဆိုရင် ရှောင်းကျန့်ကတော့ စီးပွားရေးသမားပီပီ အာကျယ်လျှာကျယ်နှင့် ဘွင်းဘွင်းရှင်းရှင်းပြောတတ်၏။
ဒေါက်တာကုက သိမ်မွေ့တဲ့ဘက်သွားပြီး ရှောင်းကျန့်မှာတော့ ကြမ်းတမ်းတဲ့ဘက်သွားသည်။ လူကြမ်းကြီးဟုတော့ မဆိုလိုပေမယ့် ပုံစံကိုက အဲ့လိုဖြစ်နေတာဖြစ်သည်။
ဘယ်သူက ပိုသာလဲကိုတော့ အတိအကျပြောလို့မရပေ။ ပိုက်ဆံရှာတဲ့နေရာမှာ ရှောင်းကျန့်က ပိုတော်တယ်ဆ်ိုရင် ပညာအရာနဲ့ လူတွေကို ကယ်တင်တဲ့နေရာမှာဆို ကုဝေကို ရှောင်းကျန့်က ယှဥ်လို့မရပါ။
ကုဝေက လူနာတွေနဲ့ အမြဲလိုလို အလုပ်ရှုပ်တတ်တဲ့သူဖြစ်တာကြောင့် ရိပေါ်တို့ လိုင်းပေါ်မှာ စကားပြောချိန်ဆိုရင်တောင် ညမှပဲပြောဖြစ်ကြ၏။