Ep - 10

846 135 134
                                    

(Unicode)

ရိပေါ်က မက်ဆေ့ချ်ကိုဖတ်ပြီးတာတောင်မှဘာပြန်ပြောရမှန်းမသိ၍ ဒီတိုင်းပဲ မသိချင်ယောင်ဆောင်ထားဖို့ လုပ်လိုက်သည်။

ဖုန်းမက်ဆေ့ချ်ဆိုတော့ တစ်ဖက်မှာ seen မပြတာကြောင့် ရိပေါ်က မက်ဆေ့ကို ဖတ်လားမဖတ်လား ရှောင်းကျန့်လည်းမသိနိုင်ပေ။ ဖုန်းကိုပြန်ပိတ်ပြီး မျက်လုံးမှိတ်ထားပြန်တော့ ခုနက မက်ခဲ့တဲ့အိပ်မက်က ကွက်ကွက်ကွင်းကွင်းပြန်ပေါ်လာပြန်သည်။

အိပ်မက်က မက်ပြီးရင် တော်တော်များများကို မမှတ်နိုင်ဘူးလို့ကြားဖူးပေမယ့် ဒီညစ်ညစ်ညမ်းညမ်းအိပ်မက်ကြီးကတော့ ရိပေါ်ရဲ့အတွေးထဲက ပျောက်မသွား။

ရှောင်းကျန့်က တဖြည်းဖြည်းနဲ့ ရိပေါ်ရဲ့ အတွေးတွေထဲနေရာယူလာတာ ရိပေါ်ကိုယ်တိုင်လည်းမသိပေ။ ရှောင်းကျန့်က ပြစ်ချက်မရှိတဲ့လူမှန်းသိရဲ့သားနဲ့ သက်သက်မဲ့ ချေနေမိတာတော့မဟုတ်။

ကိုယ့်ကို သဘောကျနေတယ်လို့ တရားဝင်ဖွင့်ပြောထားတဲ့ လူရဲ့ စိတ်ဓာတ်ရေးရာနဲ့ သည်းခံနိုင်စွမ်း ပြီးတော့ ကိုယ်ကျင့်တရား ဒါတွေကိုစမ်းသပ်နေတာသာဖြစ်သည်။

ပြောရရင် ရှောင်းကျန့်အား စာဖြေရမှာမဟုတ်တဲ့ အချစ်ရေးစာမေးပွဲစစ်နေခြင်း။

သူက ကိုယ့်ကို သဘောကျတိုင်း ၊ သူက ဥစ္စာပေါ ရုပ်ချောတိုင်း ပြန်ကြိုက်လိုက်လို့မရပေ။ ရိပေါ်က အဲ့လို ပေါပေါပဲပဲကောင်လေးတစ်ယောက်မဟုတ်။ မေတ္တာရေးမှာ အရာရာကို ပေါ့ပေါ့တန်တန်ဆုံးဖြတ်လို့မှမရပဲ။

သဘောကျတယ်လို့သာဆိုတာ ရှောင်းကျန့်က ရိပေါ်ကို လက်ဖျားနဲ့တောင်မထိဖူး။ ဒါကြောင့် ကိုယ်ကျင့်တရားနဲ့ ပက်သက်ပြီး တစ်မှတ်ပေးလိုက်၏။

အတွေးတွေက တောင်ရောက်မြောက်ရောက်နှင့် ဘာလ်ို့ ရှောင်းကျန့်ကို ခဏခဏတွေးမိသွားတာလဲဟု ကိုယ့်ကိုယ်ကို ဒေါသထွက်ချင်လာပြန်သည်။

" ရှစ်ထ် ! "

အသံထွက်ကာဆဲလိုက်ပြီး ဖုန်းကို နောက်တစ်ခေါက်ပြန်ကိုင်လိုက်သည်။

ပြန်တောင်မဟိုင်းရသေးပဲ လက်တွေကနေ အလိုအလျောက် မက်ဆေ့ချ် တစ်ခုပို့မိသွား၏။ ပို့ပြီးမှ ပြန်ဖျက်လို့မရတော့တဲ့ မက်ဆေ့ချ်လေးကိုကြည့်ပြီး အရှက်သည်းစွာ ခေါင်းအုံးကိုပဲ တဘုန်းဘုန်းထုနေလိုက်တော့သည်။

𝗠𝗿.𝗦𝘁𝗶𝗻𝗴𝘆Where stories live. Discover now