Ep - 3

1K 172 62
                                    

(Unicode)

ရှောင်းကျန့်မှာ ကားပေါ်ကဆင်းလိုက်တာနဲ့ မြို့တောင်ပိုင်းက လေရဲ့ လက်ဆတ်မှုကို တစ်ဝကြီး ရှုသွင်းလိုက်ကာ လက်နှစ်ဖက်ကို ဆန့်တန်းလို့ အကြောဆန့်ပစ်လိုက်၏။

ကားပေါ်ကနေခြေချလိုက်တာနဲ့ ဗွက် အိုင်ပေါ်တည့်တည့်ခြေထောက်ချမိသွားလေသည်။

" အား .... ရှီး ..... ကားကိုဘယ်လိုနေရာမှာ ရပ်လိုက်တာလဲ ခွေးကောင်ရဲ့ ။ ဗွက်အိုင်ကြီး မမြင်ဘူးလား "

" တောင်းပန်ပါတယ် ဂိုဏ်းချုပ် "

ရှောင်းကျန့်ရဲ့ ဒေါသသံကြောင့် ကားမောင်းလာတဲ့ တပည့်တစ်ယောက်မှာ မြေကြီးထဲ ခေါင်းဝင်တော့ မတတ် ခေါင်းကိုငုံ့လို့တောင်းပန်လေသည်။

" ထားလိုက်တော့ "

" ဟုတ်ကဲ့ ဂိုဏ်းချုပ် "

အရင်ဘဝကလည်း ရှောင်းကျန့်မှာ ဒီလိုပဲ ဗွက်အိုင်ထဲခြေချမိတာဖြစ်သည်။ အဲဒီအချိန်တုန်းကတော့ ရေဗွက်နေရာ ကားရပ်ရကောင်းလားဆိုပြီး ကားမောင်းတဲ့ တပည့်ကို ဖူးယောင်နေအောင်ထိုးခဲ့သေးသည်။

ခုတော့ ဘာမှမဟုတ်တဲ့ကိစ္စလေးလို့ သတ်မှတ်ပြီး သည်းခံလိုက်သည် ။
ခဏနေခြေထောက်ဆေးလို့ရတာပဲဟာ။ တကယ်တမ်း သူ့ဘက်က သတိတရနဲ့ ဂရုစိုက်လိုက်ရမှာက်ို။

အရင်က ဒေါသကြီးပေမယ့် ခုတော့ ရှောင်းကျန့်က ဒေါသကိုလျှော့နိုင်လာပါသည်။

ခုနက တောင်းပန်နေတဲ့ တပည့်ဝတုတ်မှာလည်း ခေါင်းငုံ့တောင်းပန်နေရင်း သူ့ကိုများထိုးတော့မှာလားဆိုပြီး လက်သီးကျစ်ကျစ်ဆုပ်ကာ အပြစ်ပေးမှုကို စောင့်ဆိုင်းနေပေမယ့် မျက်နှာပေါ်လက်သီးရောက်မလာပဲ ထားလိုက်တော့ ဆိုတဲ့ ဂိုဏ်းချုပ်ရဲ့စကားကြောင့် အတော်လေးစိတ်သက်သာရာရသွားလေသည်။

ဂိုဏ်းချုပ်က မထင်ရင်မထင်သလို ဒေါသကြီးသလို အပြစ်ပေးကလည်းကြမ်းသည်ဆိုတော့ ... ။

တပည့်တစ်ယောက်က ရှောင်းကျန့်ရဲ့နောက်ကနေ ထီးလိုက်မိုးပေး၏။ ဟော် ဂိုဏ်းချုပ်ရောက်လာပြီဆိုတာနဲ့ စျေးထဲမှာ ရုတ်ရုတ်သဲသဲဖြစ်သွားကြသည်။

𝗠𝗿.𝗦𝘁𝗶𝗻𝗴𝘆Where stories live. Discover now