Ep - 4

984 159 119
                                    

(Unicode)

ဂိုဏ်းသားတွေမှာ ရှောင်းကျန့်ချပေးတဲ့စည်းမျဥ်းအသစ်တွေကိုပြန်လည်မှတ်သားနေရ၏။

အရင်က ပေပေတေတေနဲ့လွတ်လွတ်လပ်လပ်နေလာရတဲ့သူတို့မှာ အနောက်တိုင်းဝတ်စုံတွေဝတ်ထားရ၍ စိတ်ကျဥ်းကြပ်နေကြသည်။

နွေရာသီရောက်နေပါပြီဆိုမှ အကျီလက်ရှည်နှစ်ထပ်နဲ့သူတို့က အရင်လတ်လတ်ငရဲခံနေရသလိုမျိူး။

အရင်က ဆံရှည်တွေနဲ့သူတို့မှာလည်း ခုတော့ ကတုံးဆံထောက်ကေနဲ့ တစ်ပုံစံတည်းတွေထားနေရသည်။

ဂိုဏ်းချုပ်က အကျင့်ပြောင်းလာပြီး ကပ်စေးသိပ်မနည်းတော့တာကို ဝမ်းသာကြပေမယ့် နေ့တိုင်း နံနံပင်ပါတဲ့ ဟင်းလျာတွေကို သူတို့ ညည်းငွေ့နေကြပြီ။ နံနံပင်ဆိုလျှင်ကို အသံတောင်မကြားချင်တော့ပါ။

ပြီးတော့ ကြက်သွန်ဖြူကို အစိမ်းလိုက်ကစားခိုင်းသေးသည်။ ဂိုဏ်းချုပ်ကိုယ်တိုင်ကျ နံလို့ မစားနိုင်ပါဘူးတဲ့လေ။

အနိုင်ကျင့်တတ်တဲ့ ဂိုဏ်းချုပ်က ဒီတစ်ချက်တော့မပြောင်းလဲသေးပေ။

" ခေါင်းဆောင် ဒါက ဒီလရဲ့ အသုံးစာရင်းပါ "

ရှောင်းကျန့်က သတင်း စာဖတ်နေရင်းမှ ယွီပင်းတင်ပြတဲ့ စာရွက်ကို ယူကြည့်လိုက်၏။

စာရွက်ရဲ့ ညာဘက်အောက်ခြေက သုညအရေအတွက်ကိုကြည့်ပြီး ရှောင်းကျန့်မှာလက်တွေတုန်လာသည်။

ဒီတစ်လတည်းရဲ့ စုစုပေါင်းကုန်ကျစရိတ်က ယွမ် နှစ်မီလီယမ်( ဒေါ်လာသုံးသိန်းတစ်သောင်းကျော်ခန့် )

ဘုရားဘုရား ! ဘာတွေဒီလောက်များသုံးမိသွားတာပါလိမ့်။

တွက်ကြည့်မိတော့ သူ့တစ်ကိုယ်လုံးစာအတွက် ပြောင်းလဲလိုက်တာက ယွမ်နှစ်သိန်းခန့်။ အိမ်ကို အကုန်ပြန်ပြင်ပြီး ဂိုဏ်သားတွေကို စတိုင်ပြောင်းခိုင်းတာက ယွမ်ငါးသိန်းကျော်။ သုံးသိန်းက လိုအပ်တဲ့နေရာတွေကို ရှောင်းကျန့်နာမည်နဲ့လှုဒါန်းလိုက်ခြင်း။

တစ်သက်လုံးက ကပ်စေးနည်းလာသည့် ချစ်တီးက ယွမ်သုံးသိန်းကျော်တောင်လှူတယ်ဆိုတော့ တမြို့လုံးအတွက် ပြောစရာတစ်ခုတောင်ဖြစ်လိုက်သေးသည်။

𝗠𝗿.𝗦𝘁𝗶𝗻𝗴𝘆Where stories live. Discover now