(Unicode)
" နမ်းတဲ့အခါ လက်ကို ဘယ်နေရာထားရမလဲ "
ဤသည်မှာ ရိပေါ် လိုင်းသုံးနေရင်းတွေ့လိုက်သော ပိုစ့်လေးတစ်ခုဖြစ်၏။
*FA မဟုတ်သူများဆုံစည်းရာ* ဟူသော ဂရုထဲမှာ တွေ့လိုက်တာဖြစ်သည်။ ဂရုနာမည်ကြောင့် မျက်ခုံးတစ်ဖက်တောင်ပင့်သွားရ၏။
ရိပေါ်ဆို အဲ့ဒီ ဂရုရှိမှန်းတောင်မသိပေမယ့် အကောင့်ထဲက သူငယ်ချင်းတွေရှယ်လာတာကြောင့်တွေ့လိုက်ရတာဖြစ်၏။ ဂရုထဲဝင်ကြည့်တော့ မန်ဘာဝင်ပေါင်းက သိန်းနဲ့ချီရှိကာ public group ပင်။
pin post ထားသည်က ရည်းစားမရှိတဲ့ FA များကို လက်မခံကြောင်းနဲ့ ရည်းစားရှိပါက အချစ်နဲ့ပက်သက်သမျှကို မေးလိုရာမေးနိုင်ကြောင်းဖြစ်သည်။ ဒါပေမယ့် ရမ်းသန်းပြီး approve မပေးကြောင်းပါပါသေးသည်။ မှတ်ချက်က တာဇံ လက်မခံပါတဲ့။
နောက်ဆုံးတင်ထားသည့်ပို့စ်မှာ တာဇံပို့စ်ပဲမဟုတ်ပေဘူးလားဟု ရိပေါ်တောင်တွေးမိသည်။
ငပိန်းပိုစ့်က တင်ထားတာမကြာသေးပေမယ့် like မှာ 10k ကျော်ရထားပြီး comment ပေါင်း 50k ကျော် repost ပေါင်း 100k ကျော်ဖြင့် ပွဲစည်နေလေသည်။
တင်ထားသည့်လူရဲ့ profile အားဝင်မကြည့်သေးပဲ "တကယ့်ကောင်" ဟုရေရွတ်ရင်း တဟားဟားရယ်ပစ်လိုက်သည်။ comment တွေကလည်း တကယ့် အခွီ။
×င်ကိုင်လေ ၊ စနေနှစ်ခိုင်ကိုကိုင်ထားလိုက် စသဖြင့် ညစ်ညမ်းတဲ့ဗန်းစကားတွေနဲ့ မန့်ထားကြ၏။
ရယ်လို့အားရမှ တင်ထားတဲ့ လူရဲ့ profile ထဲဝင်စပ်စုကြည့်မိသည်။
"ရှောင်းကျန့်ကဝမ်အဝါလုံးလေးရဲ့ ဘဲကြီး " ဆိုတဲ့ အမည်နာမကိုတွေ့လိုက်တာနဲ့ ဖုန်းတောင်ပြုတ်ကျတော့မတတ်ဖြစ်သွားရလေသည်။
နေပါဦး ! တကယ်ကြီးရှောင်းကျန့်လား ?
Wall ထဲဝင်ပြီးသေချာစပ်စုကြည့်ရာ တကယ်ကိုပဲ ရိပေါ်ရဲ့ ရည်းစား ငပိန်းကြီး ရှောင်းကျန့်ပင်ဖြစ်နေသည်။
Profile တင်ထားတဲ့ဓာတ်ပုံမှာ ချိုချဥ်စုပ်လုံးကို ပါးစောင်မှာငုံလို့ နေကာမျက်မှန်အမဲကြီးကိုတပ်ထားသေးသည်။ ရွှေဆွဲကြိုးကြီးတန်းလန်းနှင့် ယပ်တောင်ကိုကိုင်ကာ ယပ်ခပ်ဟန်ပြုနေသော ဘဲကြီးပါလေ။ မတိုမရှည်ဖြစ်နေတဲ့ဆံပင်ကို နောက်လှန်ကာ ကြက်ပေါင်ကွင်းသေးသေးလေးဖြင့်စည်းထားသေးသည်။ သူ့ကိုသူ အရမ်းကိုမိုက်လှပြီထင်နေပုံရ၏။